China(Nanning)

အာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုအဝန်းအဝိုင်း တိုးချဲ့နေသည့် နန်နင်း

Last Updated:

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သော နန်နင်းမြို့သည်  အာဆီယံအဖွဲ့ဝင် (၇) နိုင်ငံနှင့် တရားဝင်ညီအစ်မ မြို့တော်ဆက်ဆံရေးများ တည်ထောင်ထားကြောင်း နန်နင်း မြူနီစီပယ် အစိုးရ၊ နန်နင်းနိုင်ငံခြားရေးဌာနမှ သိရပါသည်။

နန်နင်း၏ အာဆီယံညီအစ်မမြို့တော်များတွင် ထိုင်းနိုင်ငံမှ Khon Kaen၊ ဗီယက်နမ်နိုင်ငံမှ ဟိုင်ဖွန် Haiphong၊ ဖိလစ်ပိုင်နိုင်ငံမှ Davao မြို့တော်၊ ကမ္ဘောဒီးယားနိုင်ငံမှ Preah Sihanouk ပြည်နယ်၊ အင်ဒိုနီးရှားနိုင်ငံမှ Bogor၊ မြန်မာနိုင်ငံမှ ရန်ကုန်နှင့် လာအို နိုင်ငံမှ Champasak ပြည်နယ်တို့ ပါဝင်ပါသည်။

အာဆီယံနိုင်ငံများသို့ ဝင်ပေါက်ထွက်ပေါက် ဗဟိုချက်မအဖြစ် ရပ်တည်နေသော နန်နင်းမြို့သည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေပါသည်။  ညီအစ်မမြို့တော်များနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စက်မှု၊ ပညာရေး၊ ဆေးဝါး၊ ကျန်းမာရေးနှင့် အနုပညာတို့အပါအဝင် နယ်ပယ်များတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

နန်နင်းမြို့သည် Beidou ဂြိုဟ်တုထောက်လှမ်းရေးစနစ်နှင့်ဆက်နွယ်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အာဆီယံညီအစ်မ မြို့တော်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လျက်ရှိပါသည်။ ထို့ပြင်  အာဆီယံကို မျက်နှာမူထားသည့် Beidou အချိန်နှင့် အာကာသသတင်းအချက်အလက်စင်တာ တည်ဆောက်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း Khon Kaen နှင့် smart city တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ ပါသည်။

နန်နင်းမြို့တော်သည် အာဆီယံညီအစ်မမြို့တော်များနှင့် အထက်တန်းနှင့် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် (၂၀၁၁) ခုနှစ်အတွင်း အာဆီယံ ကျောင်းသားများအတွက် ပညာသင်ဆုကိုလည်း တည် ထောင်ပေးခဲ့ပါသည်။ 

အပြည်ပြည်ဆိုင်ရာ ညီအစ်မမြို့တော်များအကြား ဆွေးနွေးမှုများကို အကောင်းဆုံးရရှိဖြစ်ပေါ်စေရန် တရုတ်- အာဆီယံ ကုန်စည် ပြပွဲကဲ့သို့သော အဓိက platform များနှင့် စီမံကိန်းများ ချောမွေ့စွာ လည်ပတ်သွားရေး နန်နင်းက ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်- အာဆီယံအ သိုက်အဝန်းကဲ့သို့ စီမံကိန်းများ တည်ဆောက်ရေးတွင် ပိုမိုကောင်းမွန် စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နန်နင်းမြူနီစီပယ်အစိုးရ၏  နိုင်ငံခြားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Huang Haiyan က မှတ်ချက်ပြုပြောကြားထားပါသည်။

လက်ရှိအချိန်၌ နန်နင်းမြို့သည် နိုင်ငံရပ်ခြားရှိ နိုင်ငံပေါင်း (၂၅) နိုင်ငံမှ မြို့တော်ပေါင်း (၄၅) မြို့နှင့် ညီအစ်မမြို့တော်ဆက်ဆံ ရေးများကို တည်ထောင်ထားကာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်သွယ်မှု များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါ သည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၂၈-၈-၂၀၂၀)

Category: China(Nanning)