USA

အမေရိကန်နှင့် တရုတ် ပထမအဆင့်ကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး

Last Updated:

             အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေးတင်းမာမှုလျှောနည်းစေရန် ပထမအဆင့် ကုန်သွယ်ရေး သဘောတူစာချုပ်ကို အမေရိကန်သမ္မတနှင့် တရုတ်ဒုတိယဝန်ကြီးချုပ်တို့ ဘင်ဂျင်းတွင်၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

         အမေရိကန်ကုန်စည်နှင့်ဝန်ဆောင်မှုများ တရုတ်နိုင်ငံသို့ တင်ပို့မှုတိုးမြှင့်စေရန်နှင့် တရုတ် နိုင်ငံတွင် အမေရိကန်ကုမ္ပဏီများလုပ်ငန်း ဆောင်ရွက်ရာတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ပိုမိုကာ ကွယ်နိုင်ရန်နှင့် ငွေကြေးဈေးကွက်ကဲ့သို့ တရုတ်ဈေးကွက်များ ပိုမိုဖွင့်လှစ်နိုင်ရန်အတွက် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံတို့ ပထမအဆင့်ကုန်သွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ကြပါသည်။

              အပိုင်း (၈) ပိုင်းပါတဲ့ သဘောတူစာချုပ်ဟာ ၂ နှစ်ကြာ တင်းမာနေသည့် ကုန်သွယ်ရေး စစ်ပွဲကို ရပ်နားစေပါသည်။ သို့ရာတွင် အမေရိကန်ဘက်မှ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၇၀ ဘီလီယံဖိုး တရုတ်ကုန်စည်များ (သို့) အမေရိကန်သို့ တရုတ်သွင်းကုန်စုစုပေါင်း၏ လေးပုံသုံးပုံအပေါ် အကောက်ခွန်ဆက်လက်ကောက်ခံလျက်ရှိပါသည်။ အကောက်ခွန်လျှော့ချမှုများကို နောင်ဆက်လက်ညှိနှိုင်းမည့် စေ့စပ် ဆွေးနွေးပွဲများတွင် ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါသည်။ တရုတ်ဘက်မှလည်း နှစ်နိုင်ငံရေးကုန်သွယ်ရေးတင်းမာမှုတွင် အဓိကကျသည့် ပြည်တွင်း ကုမ္ပဏီများနှင့် နိုင်ငံပိုင်ကုမ္ပဏီများအပေါ် အထောက်အပံ့ပေးမှုတွေကို ရပ်တန့်၊ ဖယ်ရှားပေးရမှာ ဖြစ်ပါသည်။ နောင်ကျင်းပမည့် ကုန်သွယ်ရေးဆွေးနွေးပွဲများကို သင့်တင့်သည့်ကာလတွင် ကျင်းပသွားပြီး အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ မတိုင်ခင် အပြီးသတ် ဆွေးနွေးသွားမှာဖြစ်ပါသည်။

          အိမ်ဖြူတော်၏အရှေ့ခန်းတွင် စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် သမ္မတထရမ့်က ကျန်ရှိနေတဲ့အကောက်ခွန်များကို ဒုတိယအဆင့် သဘောတူညီချက်အဆင့်ရောက်တဲ့အခါ အပြီးသတ်လျှော့ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။

       

https://www.wsj.com/articles/u-s-china-to-sign-deal-easing-trade-tensions-11579087018

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

 

Category: USA