USA

အမေရိကန်စားသုံးသူတစ်ချို့ တရုတ်ကုန်စည်များကို အကောက်ခွန်ပေးဆောင်ရန်မလိုပဲ သုံးစွဲခွင့်ရရှိ

Last Updated:

အမေရိကန်စားသုံးသူတစ်ချို့ တရုတ်ကုန်စည်များကိုအကောက်ခွန်ပေးဆောင်ရန်မလိုပဲသုံးစွဲခွင့်ရရှိ

၁၉၉၃ ခုနှစ်က အမေရိကန်နိုင်ငံအတွင်းသို့ လူတစ်ဦးကို အမေရိကန်ဒေါ်လာ ၂၀၀ တန်ဖိုးအထိ ကုန်စည်များကို အကောက်ခွန်ပေးဆောင်စရာမလိုပဲ ပြည်ပမှ ဝယ်ယူ တင်သွင်းခွင့်ပြုခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၀၀ ထိတိုးမြှင့်ကာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အကောက်ခွန်ကင်းလွတ်ခွင့်ကြောင့် အမေရိကန်တွင် လက်လီရောင်းချ သူများသည် အကောက်ခွန်ပေးဆောင်ရသဖြင့် ကုန်ဈေးနှုန်းမြင့်ခြင်းနှင့် သင်္ဘောတင်ခများကို ရှောင်ရှားနိုင်သဖြင့် စားသုံးသူများအနေဖြင့်  ယင်းအကျိုးဆက်ကို ခံစားနိုင်ကြပါတယ်။

သမ္မတထရမ့် အုပ်ချုပ်မှုအောက်တွင် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးအရေးယူမှုများ ပိုမိုဆောင်ရွက်နေသော်လည်း အဆိုပါအကောက်ခွန်ကင်းလွတ်မှုဖြင့် တင်သွင်းခွင့်ရရှိခြင်း ကြောင့် တရုတ်ကုန်စည်ရောင်းချသူများအတွက် အသာစီးရရှိလျက်ရှိပါတယ်။ ထို့အတူ Amazon.com ကဲ့သို့ အွန်လိုင်းကမှာယူကာ အကောက်ခွန်မဆောင်ပဲ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်တာကို သိရှိသည့် စားသုံးသူတစ်ချို့ရှိသကဲ့သို့ စားသုံးသူအများစုက ယင်းကဲ့သို့ ဝယ်ယူမှုကို သတိမထားမိကြကြောင်း လက်လီရောင်းချမှုနှင့် ထောက်ပံ့သယ်ယူပို့ဆောင်မှု တို့အား သုတေသနပြုစုသည့် သုတေသီများကဆိုပါတယ်။

အမေရိကန်စားသုံးသူများအနေနှင့် အိမ်တိုင်ရာရောက်ပို့ဆောင်သည့် Amazon၊ AliExpress နှင့် eBay တို့ကဲ့သို့ အွန်လိုင်းဈေးကွက်များမှ မိမိတို့လိုအပ်သည့် ကုန်စည်းများကို ရှာဖွေမှာယူသုံးစွဲနိုင်ကြပါတယ်။ ယင်းသို့မှာယူရာတွင် တရုတ်နိုင်ငံထုတ် ကုန်စည်များ သာမက အခြားနိုင်ငံများမှ ကုန်စည်အများအပြားကိုလည်း မှာယူကာ အမေရိကန်သိုလှောင်ရုံများတွင် သိုလှောင်ထားရှိပြီး စားသုံးသူများထံသို့ ပို့ဆောင်ကြပါတယ်။

Amazon မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်စားသုံးသူများသည် တရုတ်နိုင်ငံမှ တိုက်ရိုက်ဝယ်ယူမှုကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၈၀၀  တန်ဖိုးရှိ ကုန်စည်များကို အမေရိကန်စားသုံးသူများ တိုက်ရိုက်ဝယ်ယူမှုဟာ လွန်စွာနဲပါးခဲ့ သော်လည်းအစိုးရ၏ ကုန်သွယ်မှုအချက်အလက်များအရ အဆိုပါဝယ်ယူမှုများပြားလာတယ်လို့ ဖော်ပြထားကြောင်း ကျွမ်းကျင်သူများကဆိုပါတယ်။

အမေရိကန် သန်းခေါင်စာရင်းဌာနမှ အမေရိကန်ဒေါ်လာ ၂၀၀၀ အောက် တန်ဖိုးရှိ ကုန်စည်များနိုင်ငံခြားမှ တင်သွင်းမှုဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကတည်းက ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ သို့သော် သမ္မတထရမ့်၏ တရုတ်ကုန်စည်များအပေါ် အကောက်ခွန် တိုးမြှင့်စည်းကြပ်မှု အသက်ဝင်လာခဲ့ပြီးနောက် တရုတ်နိုင်ငံမှ တင်သွင်းမှု ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယခုလအတွင်း အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ ပထမအဆင့် ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုရန် သဘောတူထားကြသော်လည်းအမေရိကန်ဘက်မှ တရုတ်ကုန်စည်တစ်ချို့အပေါ် အကောက်ခွန်စည်းကြပ်မှုမြင့်မားဆဲဖြစ်ပါတယ်။ အမေရိကန်ဘက်မှ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးရှိ တစ်ချို့သောတရုတ်ကုန်စည်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်းနှင့် အခြားသော တရုတ်ကုန်စည်များအပေါ် အကောက်ခွန် ၇.၅ ရာခိုင်နှုန်းစည်းကြပ်လျက် ရှိပါတယ်။

          ယင်းကဲ့သို့ အကောက်ခွန်မြင့်မြင့် စည်းကြပ်သည့်အတွက် တစ်ချို့သော လက်လီ ရောင်းချသူများ အထိနာကြသော်လည်း အမေရိကန်ဒေါ်လာ ၈၀၀ အထိအကောက်ခွန်လွတ် တိုးမြှင့်တင်သွင်းခွင့်ပြုခဲ့သည့်အတွက် တစ်ခြားတစ်ဘက်မှ သက်သာမှုရရှိလျက်ရှိပါတယ်။

          အမေရိကန်စားသုံးသူများဟာ ဈေးနှုန်းချိုသာတဲ့ တရုတ်ကုန်စည်များကိုကာလတာရှည် နှစ်ခြိုက်စွာဝယ်ယူသုံးစွဲလေ့ကြပါတယ်။ အမေရိကန်ဒေါ်လာ ၈၀၀ တန်ဖိုးအထိကုန်စည်များကို အကောက်ခွန်လွတ် တင်သွင်းခွင့်ရခဲ့သည့်အပြင် အဝတ်အထည်နှင့် ဖိနပ်များကိုအွန်လိုင်းမှ ဝယ်ယူသုံးစွဲကြကာ အကောက်ခွန်ပေးဆောင်ရန်မလိုပဲ တရုတ်ကုန်စည်များကို တရုတ်နိုင်ငံမှ တိုက်ရိုက်ဝယ်ယူသုံးစွဲနေကြတာတွေ့ရပါတယ်။

(မြန်မာစီးပွားရေးသံမှူး ၊ အမေရိကန်ပြည်ထောင်စု)

 

Category: USA