China(Beijing)

ဟဲနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုင်ဝင်ဘာလ အထိ ၂.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း

Last Updated:

         တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်း (Henan) ပြည်နယ်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း၌ နိုင်ငံခြားကုန်သွယ်မှုပမာဏ တရုတ်ယွမ် ၅၁၄.၉၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇၃.၄၇ ဘီလီယံ) သို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်၏ ကာလတူနှင့်နှိုင်းယှဉ်ပါက (၂.၆) ရာခိုင်းနှုန်းအထိ မြင့်တက်ခဲ့သည်ဟု ဒေသဆိုင်ရာအကောက်ခွန်ရုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဟဲနန်ပြည်နယ်၏ ပြည်ပပို့ကုန်ပမာဏ ယွမ်(၃၃၄.၄) ဘီလီယံရှိသည့် အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် ၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဟဲနန်ပြည်နယ်သည် ရပ်ဝန်းနှင့်ပိုးလမ်းမ လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ယွမ် ၁၂၁.၉၃ ဘီလီယံရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက် ၁၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဟဲနန်ပြည်နယ်သည်  ဥရောပနိုင်ငံ များနှင့် ကုန်သွယ်မှု ၁၈.၅ ရာခိုင်နှုန်း၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု ၉.၁ ရာခိုင်းနှုန်းနှင့် လက်တင်အမေရိကနိုင်ငံများနှင့် ၁၁.၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)