China (HongKong)

ဟောင်ကောင်‌ဒေသ၌ နိုင်ငံခြားခရီးသွားဧည့်သည်များလာရောက်မှုနှင့် စားသောက်ဆိုင်များ၊ အဖျော်ယမကာရောင်းချသောဘားဆိုင်များ၌ အရက်များရောင်းချမှုအား ပိတ်ပင်တားဆီး မည်ဖြစ်ခြင်း

Last Updated:

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသသည် Covid-19 ဖြစ်ပွားမှုကြောင့် ဗိုင်းရပ်စ် ကူးစက်မှုအား ထိန်းသိမ်းနိုင်ရန် နိုင်ငံခြားခရီးသွားဧည့်သည်အားလုံးနှင့် တစ်ဆင့်ဖြတ်သန်းသွားလာမည့်သူများအား ၂၅-၃-၂၀၂၀ ရက်နေ့မှ စတင်၍ တားမြစ်မည်ဖြစ်ကြောင်း၊ အရက်ရောင်းချခွင့်လိုင်စင်များရရှိထားသည့် စားသောက် ဆိုင်များနှင့် အဖေျာ်ယမကာဆိုင်များ (၈၆၀၀) ကျော်ကို အရက်များရောင်းချမှုအား တားမြစ်မည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာ (၉) ဦးမှာ ဟောင်ကောင်ဒေသ၏ Lan Kwai Fong ရှိ စားသောက်ဆိုင်များသို့ သွားရောက်ခဲ့ကြောင်း၊ အရက်သေစာသောက်စားခြင်းမှ ဗိုင်းရပ်စ်ကူးစက်နိုင်သည့်အတွက် စားသောက်ဆိုင် များတွင် အရက်ရောင်းချခြင်းမပြုဘဲ အစားအစာများကိုသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပမှ ပြန်လည်ရောက်ရှိသူများအား စစ်‌ဆေးရာ Covid-19 ကူးစက်ခံနေရသူ အနည်းဆုံး (၁၀) ဦး ရှိသည်ကိုတွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်မှုမှလည်း ကူးစက်ပျံ့နှံ့မှုနှုန်းမြင့်မားမည့် အနေအထားတွင်ရှိ ကြောင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်များအားဒေသသို့ဝင်ရောက်ခွင့် တားမြစ်မှုမှာ (၁၄) ရက် ကြာမြင့်မည်ဖြစ်ပြီး ၂၅-၃- ၂၀၂၀ ရက်နေ့မှ စတင်၍ ဝင်ရောက်ခွင့်ကို ကန့်သတ် သွားမည်ဖြစ် ကြောင်း၊ မကာအိုနှင့် ထိုင်ဝမ်ဒေသတို့မှ တိုက်ရိုက် လာရောက်သူများအား ဟောင်ကောင် ဒေသသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သော်လည်း (၁၄) ရက်ကြာ စောင့်ကြည့်ခံရမည် ဖြစ်ကြောင်း ၂၃-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Hong Kong to ban overseas tourists and alcohol sales at thousands of bars and restaurants” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)