China (HongKong)

ဟောင်ကောင်အစိုးရပံ့ပိုးငွေနောက်ဆုံးထောက်ပံ့မှုနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ စိတ်ပျက်လျှက် ရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ လူအချင်းချင်းခပ်ခွာခွာနေထိုင်ရေးတွန်းအားပေးရန် သတ်မှတ်ချက် ထုတ်ပြန်ခဲ့ရာ လုပ်ငန်းများလည်ပတ်မှုကို သိသိ သာသာ လေျာ့ကျ ထိခိုက်နစ်နာခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် သက်သာမှုအစီအစဉ်အနေဖြင့် ဟောင်ကောင်ဒေါ်လာ (၂၄) ဘီလီယံ ထောက်ပံ့မည်ဖြစ်ကြောင်း၊ အဆိုပါ တတိယအကြိမ် အစိုးရထောက်ပံ့‌‌ငွေများထဲမှ ဟောင်ကောင်‌ဒေါ်လာ (၃.၅) ဘီလီယံကျော်မှာ COVID-19 တတိယလှိုင်း ကူးစက်ပျံ့နှံ့မှုကြောင့် ကန့်သတ်ချက်များ မြှင့်တင်ခဲ့သဖြင့် ဇူလိုင်လမှ စတင်၍ ထိခိုက်နစ်နာခဲ့သည့် ကျန်းမာရေးလေ့ကျင့် ရေးစင်တာ၊ အလှပြင်ဆိုင်၊ ပါတီပွဲများ ကျင်းပသည့်နေရာများနှင့် စားသောက်ဆိုင်လုပ်ငန်းများအတွက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ (၂) လကြာ ပိတ်ထားရန် ညွှန်ကြားခံခဲ့ရသည့် ကျန်းမာရေးလေ့ကျင့်ရေးစင်တာများကို ဒုတိယအကြိမ်က ဟောင်ကောင်‌ဒေါ်လာ (၁၀၀,၀၀၀) ပံ့ပိုးခဲ့ခြင်း၏ ထက်ဝက်ဖြစ် သည့် ဟောင်ကောင်ဒေါ်လာ (၅၀,၀၀၀) ကိုသာ ပံ့ပိုးမည်ဖြစ်ရာ အခန်းငှားခပင် မရှိကြောင်း၊ အလှပြင်ဆိုင်များ အနေဖြင့်လည်း ဒုတိယအကြိမ် ပံ့ပိုးစဉ်က ဟောင်ကောင်ဒေါ်လာ (၃၀,၀၀၀) မှ ဟောင်ကောင်ဒေါ်လာ (၁၀၀,၀၀၀) အထိ ရရှိခဲ့သော်လည်း လုံလောက်မှုမရှိကြောင်း၊ ယခုတတိယအကြိမ် ပံ့ပိုးမှုတွင် ဝန်ထမ်းအင်အားပေါ် မူတည်၍ ဟောင်ကောင်ဒေါ်လာ (၁၅,၀၀၀) မှ ဟောင်ကောင် ဒေါ်လာ (၅၀,၀၀၀) အထိသာ လျေှာက်ထားနိုင်မည်ဖြစ်ကြောင်း၊ စားသောက်ကုန် လုပ်ငန်းကဏ္ဍတွင်လည်း ပံ့ပိုးငွေထောက်ပံ့မှုများ လျှော့ချမှု ကြောင့် စားသောက်ဆိုင်များအတွက် ဟောင်ကောင်ဒေါ်လာ (၁.၆၇) ဘီလီယံသာထောက်ပံ့ရန် ခွဲဝေထားရှိကြောင်း၊ (၁၀၇၇) စတုရန်း‌ပေ အကျယ်မရှိသည့် စားသောက်ဆိုင်များအတွက် ဒုတိယအကြိမ်တွင် ဟောင်ကောင်ဒေါ်လာ (၂၅၀,၀၀၀) ရရှိခဲ့ရာမှ တတိယအကြိမ်၌ ဟောင်ကောင် ဒေါ်လာ (၅၀,၀၀၀) သာရရှိမည်ဖြစ် ကြောင်း၊ ပံ့ပိုးမှုရန်ပုံငွေ လျှော့ချခြင်းကြောင့် ရန်ပုံငေွထောက်ပံ့ပေးမှုမှာ လုပ်ငန်းကြီးများအတွက် အနည်း ငယ်သာ အထောက်အကူဖြစ်စေသည်ဟု Seafood Delight Group ကပြောကြားခဲ့ကြောင်း၊ ယခုတတိယအကြိမ်တွင် ၎င်းတို့အနေဖြင့် ဟောင်ကောင်‌ဒေါ်လာ (၂၅၀,၀၀၀) ထောက်ပံ့ငွေရရှိလျှင်ပင် အခန်းပိုင်ရှင်မှ အခန်းငှားခ ဈေးနှုန်းလျှော့ချပေးခြင်း မရှိသောကြောင့် အခန်းငှားခ ဟောင်ကောင်‌ဒေါ်လာ (၁) မီလီယံပေးရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ခရီးသွားလုပ်ငန်း အေဂျင်စီအနေဖြင့် အေးဂျင့်လိုင်စင်တစ်ခုချင်းစီအတွက် ဟောင်ကောင်ဒေါ်လာ (၅,၀၀၀) လျှောက်ထားခွင့်ရှိကြောင်း၊ ယခင်ကလုပ်ငန်း၏ အရွယ်အစားပေါ်မူတည်၍ ဟောင်ကောင်ဒေါ်လာ (၂၀,၀၀၀) မှ ဟောင်ကောင်ဒေါ်လာ (၂၀၀,၀၀၀) အထိ လျှောက်ထား၍ရကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ခရီးသွားလာမှုများ ပိတ်ပင်ခဲ့မှုကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ငွေမရှိသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် အရေးတကြီး ပံ့ပိုးပေးရန်လိုအပ် လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းပိုင်ရှင်များမှာ စိတ်ပျက်လျှက်ရှိပြီး ပံ့ပိုးမှုရန်ပုံငွေမှ ပိုမိုရရှိနိုင်ခြင်း မရှိသော ကြောင့် အံ့အားသင့်လျက် ရှိကြောင်း၊ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် အနီးတစ်ဝိုက်ရှိဒေသများနှင့် ခရီးသွားလာမှုများပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် အစိုးရကို တောင်းဆိုမှုများ ထပ်မံတောင်းဆိုခဲ့ကြောင်းနှင့် ဂျပန်၊ ထိုင်းနှင့်ဂျာမနီနိုင်ငံ စသည့်နိုင်ငံများပါဝင်သည့် နိုင်ငံပေါင်းများစွာမှ ကိုယ်စား လှယ်များနှင့်တွေ့ဆုံ၍ ဟောင်ကောင်ဒေသ၌ COVID-19 ကူးစက်မှု အခြေအနေများနှင့် အထူးခရီးသွားလာမှု အစီအမံများ အကောင်အထည် ဖော်နိုင်အောင် အခွင့် အလမ်းများရရှိနိုင်ရန် ဆွေးနွေးထားရှိသည်ဟု ဟောင်ကောင်ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွင်းဝန် (ဝန်ကြီး) Mr. Edward Yau Tang –wah က ပြောကြားခဲ့ကြောင်း၊ ပြင်းထန်စွာထိခိုက်ခဲ့သော အခြားလုပ်ငန်းများဖြစ်သည့် လက်လီ အရောင်းဆိုင်များနှင့် ဟိုတယ်လုပ်ငန်းများမှာလည်း နောက်ဆုံးအကြိမ်ပံ့ပိုးမှုတွင် ပါဝင်မှုမရှိတော့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Kathleen Magramo နှင့် Kanis Leung တို့က “Business Dismayed by Latest Subsidies” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)