China(Nanning)

ဟူပေပြည်နယ်၏ ပြင်ပတွင် ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှု (၁၄) ရက်နေ့မြောက် ဆက်လက်ကျဆင်း

Last Updated:

ကိုရိုနာကူးစက်ရောဂါအဓိကပျံ့နှံ့ဖြစ်ပွားနေသည့် ဟူပေပြည်နယ်၏ ပြင်ပတွင် နေ့စဉ်ရောဂါအတည်ပြုတွေ့ရှိမှုများမှာ (၁၄)ရက်နေ့မြောက် ဆက်လက်ကျဆင်း လျက်ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ထုတ်ပြန် ကြေငြာခဲ့သည်။

ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် တရုတ်တနိုင်ငံလုံး၌ ရောဂါကူးစက်ခံရသူ လူနာပေါင်း (၁၈၈၆)ဉီးထပ်မံတွေ့ရှိခဲ့ပြီး၊ ၎င်းတို့အနက် (၇၉) ဉီးသာလျှင် ဟူပေပြည်နယ် ၏ပြင်ပမှဖြစ်ကာ ကျန်လူနာ(၁၈၀၇)ဉီးမှာ ဟူပေပြည်နယ်အတွင်းမှဖြစ်ပါသည်။  ၎င်းလူနာအသစ် အရေအတွက်မှာ ရောဂါဖြစ်ပွားမှုနှုန်းစတင်ကျဆင်းခဲ့သည့် ဖေဖော်ဝါရီလ (၃) ရက် နေ့မှစတင်ရေတွက်လျှင် (၁၄)ရက်မြောက်နေ့အဖြစ် ဆက်လက်ကျဆင်းလာခြင်းဖြစ်ပါ သည်။ ဖေဖော်ဝါရီလ(၃)ရက်နေ့က ဟူပေပြည်နယ်၏ ပြင်ပ၌ ရောဂါဖြစ်ပွားသူပေါင်း (၈၉၀) ဉီးရှိသည်ဟုသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ ဆင်ဟွာ (၁၈-၂-၂၀၂၀)

Category: China(Nanning)