China(Nanning)

ဟူပေပြည်နယ်တွင် လုပ်ငန်းများ ပြန်လည်စတင်လာ

Last Updated:

တရုတ်နိုင်ငံ၏ ကိုရိုနာကူးစက်ရောဂါစတင်ဖြစ်ပွားရာ ဟူပေပြည်နယ်တွင် ရောဂါကူးစက်မှုများ ဆက်တိုက်လျော့ကျလာပြီးနောက် လုပ်ငန်းများပြန်လည်စတင် လာပြီဖြစ်ပါသည်။ ထိုသို့ပြန်လည်စတင်ရာတွင် ဉီးစားပေးအလိုက် ကဏ္ဍ (၄)ရပ်ခွဲခြားကာ ဆောင်ရွက်လာခြင်းဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့၊ လောင်စာဆီ၊ ရေနှင့် အစားအသောက်စသည့် နေ့စဉ်မရှိမဖြစ်လိုအပ်နေသော လုပ်ငန်းများနှင့် ကမ္ဘာ့ကုန်စည် ထောက်ပံ့သည့် ကွင်းဆက်များအပေါ် သက်ရောက်မှုကြီးမားသော လုပ်ငန်းများကို ဉီးစားပေးအနေဖြင့် ပထမဆုံး စတင်စေပါသည်။

ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အာမခံနှင့်အခြားအဓိကစက်မှုလုပ်ငန်းများကို ဒုတိယဉီးစားပေးအနေဖြင့် စတင်စေပါသည်။ ထို့နောက် ပြည်နယ်အတွင်းရှိ စက်မှု ကုန်ထုတ်လုပ်မှုဆိုင်ရာနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ စာရင်းကိုင်နှင့် ဆော့ဖ်ဝဲလ်လုပ်ငန်းများကို တတိယဉီးစားပေး အနေဖြင့် စတင်စေပါသည်။ ရုပ်ရှင်ရုံများ၊ စာအုပ်ဆိုင်များ၊ ဘားများနှင့် အားကစားရုံများကဲ့သို့သော လူစုလူဝေးဖြင့် လုပ်ကိုင်သည့်လုပ်ငန်းများကို နောက်ဆုံးမှစတင်စေမည် ဖြစ်ပြီး၊ ကပ်ရောဂါ ကင်းစင်သွားမှသာ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်ဟု သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၉-၃-၂၀၂၀)

Category: China(Nanning)