Korea

ဟိုက်ဒရိုဂျင်နှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ခြင်း

Last Updated:

ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ Mr. Sung Yun-mo ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ Gyeonggi ပြည်နယ်၊ Ilsan ရှိ KINTEX ၌ ဟိုက်ဒရိုဂျင်စက်မှုလုပ်ငန်းတွင် အစိုးရ၏အားစိုက်ဆောင်ရွက်မှုတိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဟိုက်ဒရိုဂျင်စီးပွားရေးအတွက် တောင်ကိုရီးယား၏ ခေါင်းဆောင်မှုကို ချဲ့ထွင်ရန်ရည်ရွယ်၍ ကျင်းပခဲ့သော ပထမဦးဆုံးဟိုက်ဒရိုဂျင် စီးပွားရေးကော်မတီ (1st Hydrogen Economy Committee) သို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် ၂၀၄၀ ခုနှစ်တွင် ဟိုက်ဒရိုဂျင်နှင့်ဆက်နွယ်သော ကုမ္ပဏီ/ လုပ်ငန်း (၁၀၀၀) ကိုတိုးမြှင့်ပေးရန်၊ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်ယာဉ်များကိုယူနစ် ၈၅၀,၀၀၀ အထိ တိုးချဲ့ရန်၊ ၂၀၃၀ ခုနှစ်တွင် ဓာတ်အားပေးစက်ရုံ (၆၆၀) တပ်ဆင်ရန်နှင့် ဟိုက်ဒရိုဂျင်ကို အခြေခံသော ဂေဟစနစ်ကိုစနစ်တကျလည်ပတ်ခြင်းဖြင့်နောက်ထပ်ဟိုက်ဒရိုဂျင်မြို့တော်နှစ်ခု ထပ်မံတည်ထာင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea