China(Nanning)

သီးနှံနှစ်သစ်စတင်သည့် ပထမနေ့တွင် တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှု စံချိန်တင်မြင့်တက်

Last Updated:

နှစ်စဉ် စက်တင်ဘာလ (၁) ရက်နေ့မှာ ပြောင်းနှင့် ပဲပိစပ်များအတွက် သီးနှံအသစ်ဈေးကွက်ထဲသို့ ဖြန့်ချိသည့်နှစ်သစ်ဖြစ်ပါ သည်။ ၎င်းနေ့မှာပင် တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုထံမှ ပြောင်းများ မျှော်လင့်ထားသည်ထက်ပိုမိုဝယ်ယူရန် ကတိ ကဝတ်ပြုလိုက်ပါသည်။

တရုတ်နိုင်ငံက ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်ပစ္စည်းများကို အလောတကြီးဝယ်ယူနေသဖြင့် အမေရိကန်မှာ ပြောင်းနှင့် ပဲပိစပ်စိုက်ပျိုးသူများမှာ အကျိုးအမြတ်ရလျက်ရှိနေကြပါသည်။ ထိုကဲ့သို့ အလောတကြီးဝယ်ယူမှုများက အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို လိုက်နာအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုရာလည်း ရောက်ပါ သည်။

၂၀၂၀-၂၀၂၁ နှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်ပမှပြောင်းတင်သွင်းမှု စုစုပေါင်းပမာဏမှာ မက်ထရစ်တန်ချိန် (၇) သန်းခန့် စံချိန် တင်ရှိနိုင်ဖွယ်ရှိကြောင်း USDA က ပြီးခဲ့သည့်လအတွင်း ခန့်မှန်းခဲ့သော်လည်း  အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှပင် ပြောင်း မက်ထရစ်တန်ချိန် (၉) သန်းကျော် တင်သွင်းသွားရန် တရုတ်နိုင်ငံက ကတိကဝတ်ပြုခဲ့ပြီးဖြစ်ပါသည်။   ယခင် ၂၀၁၉-၂၀၂၀ သီးနှံ နှစ်က ကမ္ဘာတစ်ဝှမ်းမှ တရုတ်နိုင်ငံသို့ ပြောင်းတင်သွင်းခဲ့သည့် အမြင့်ဆုံးနှစ်စဉ်ပမာဏမှာ  မက်ထရစ်တန်ချိန် (၇) သန်းဖြစ်ပါ သည်။

သီးနှံနှစ်သစ်တွင် တရုတ်က အမေရိကန်မှ ပဲပိစပ်များအား ယခင်နှစ်များကထက် ပိုမိုဝယ်ယူသွားရန် ကတိကဝတ်ပြုထားပြီး၊ ကမ္ဘာတစ်ဝှမ်းမှ ပဲပိစပ်မက်ထရစ်တန်ချိန် (၉၉) သန်း စံချိန်တင် တင်သွင်းသွားမည်ဟုလည်း ခန့်မှန်းနေကြပါသည်။

ထိုကဲ့သို့ စံချိန်တင်ဝယ်ယူမှုများ၏ နောက်ကွယ်ရှိ အဓိကအကြောင်းရင်းမှာ တရုတ်နိုင်ငံအတွင်း ရာသီဉတုဆိုးရွားပြင်းထန်မှုများ နှင့် ကျိုင်းကောင်ကျရောက်မှုများကြောင့် သီးနှံအထွက်နှုန်းကျဆင်းနေပြီး စားနပ်ရိက္ခာလိုအပ်လာခြင်းကြောင့်ဖြစ်ကာ၊ ပြောင်း၊ နှံစားပြောင်းနှင့် ပဲပိစပ်ကဲ့သို့သော ကောက်ပဲသီးနှံကြီးများကို ယခု သီးနှံနှစ်သစ်အတွင်း အများအပြားတင်သွင်းသွားနိုင်ဖွယ် ရှိနေ ပါသည်။  

လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် အမေရိကန်ပြောင်းဈေးနှုန်းမှာ ယှဉ်ပြိုင်နိုင်မှုအရှိဆုံးဖြစ်ပြီး၊  အစိုးရက ဝယ်ယူထားသည့် ၎င်း ပြောင်းများကို ပြည်တွင်း၌ တောင်ပိုင်းဒေသရှိ တိရိစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံများဆီသို့ လျှော့ဈေးဖြင့် ပြန်လည်ရောင်းချ ခြင်း ဖြစ်ပါသည်။ ဆောင်းဉီးရိတ်သိမ်းရာသီ နီးကပ်လာချိန်တွင် ဈေးနှုန်းများ အနိမ့်ကျဆုံးဖြစ်၍ ၎င်းအချိန်တွင် ဝယ်ယူစုဆောင်းမှု ပြုခြင်းလည်းဖြစ်နိုင်ပါသည်။

တရုတ်နိုင်ငံက ပြောင်းအပြင် ပဲပိစပ်အား ကမ္ဘာ့ထိပ်တန်းပဲပိစပ်တင်ပို့နေသည့် နိုင်ငံများဖြစ်ကြသော အမေရိကနှင့် ဘရာဇီးလ် တို့ထံမှ အများအပြား ဝယ်ယူလျက်ရှိပါသည်။  တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးပဲပိစပ်တင်သွင်းမှုစုစုပေါင်း၏ (၆၀) ရာခိုင်နှုန်း ခန့် ကို တင်သွင်းနေသည့်နိုင်ငံဖြစ်ပါသည်။ ထို့ပြင် နှံစားပြောင်း၊ ဝက်သား၊ အမဲသားနှင့် မွေးမြူရေးထွက်ကုန်များအား အမေရိကနှင့် ကမ္ဘာတစ်ဝှမ်းမှဝယ်ယူကာ တရုတ်နိုင်ငံအတွင်း လျင်မြန်စွာမြင့်တက်လာနေသော ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းများအား ထိန်းကျောင်းရန်ကြိုးပမ်းလျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ forbes.com (၁-၉-၂၀၂၀)၊ Bloomberg News (၈-၉-၂၀၂၀)နှင့် scmp.com (၂၉-၈-၂၀၂၀)

Category: China(Nanning)