China (HongKong)

သမိုင်းဝင်တင်ကျန်ရစ်မည့် ကမ္ဘာ့ကပ်ရောဂါအကျပ်အတည်းကြောင့် အလုပ်လက်မဲ့များ အား တရုတ်နိုင်ငံအနေဖြင့် ကိုင်တွယ်ဖြေရှင်းရေး

Last Updated:

တရုတ်နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ် COVID-19 ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးအားထိခိုက်ပြီးနှင့် အလုပ်လက်မဲ့ဖြစ်ပွားမှုများ မြင့်တက်လာကြောင်း၊ အမေရိကန်နိုင်ငံတွင်လည်း အလုပ်လက်မဲ့နှုန်းများ မြင့်မားလာပြီး အပတ်စဉ်စာရင်း ဖော်ပြလျှက်ရှိပြီး တရုတ်နိုင်ငံတွင် လစဉ်နှင့် လေးလပတ်တစ်ကြိမ် ဖော်ပြလျှက်ရှိကြောင်း၊ အလုပ်လက်မဲ့စာရင်းတွင် ရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ အချို့မှာ ခရီးသွားလာခြင်း ကန့်သတ်မှုများကြောင့် လုပ်ငန်းခွင် သို့မသွား ရောက်နိုင်ခြင်း အစရှိသည်တို့ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ပထမပတ်အတွင်း အလုပ်သမား (၂၀၅) မီလီယံ အလုပ် လက်မဲ့ဖြစ်လျှင် တရုတ်နိုင်ငံစုစုပေါင်း အလုပ်သမား (၇၇၅) မီလီယံ၏ လေးပုံတစ်ပုံကျော် အလုပ်လက်မဲ့ ဖြစ်မည်ဖြစ်ကြောင်း၊ တရုတ်အစိုးရမှ စစ်တမ်းကောက်ယူထားသည်ထက် (၆.၂) ရာခိုင်နှုန်း ပိုမိုများနေမည်ဖြစ်ကြောင်း၊ မြို့ပြအလုပ်သမား (၄၂၂) မီလီယံအတွက်သာ အလုပ်အကိုင် ရရှိမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမား (၂၉၀) မီလီယံမှာ အလုပ်လက်မဲ့ ဖြစ်နိုင်ကြောင်း၊ တရုတ်အစိုးရ၏ စစ်တမ်းကောက်ယူမှုမှာ အိမ်ထောင်စု (၁၂၀,၀၀၀) အား အခြေခံကောက်ယူထားရာ အရေအတွက် နည်းပါးပြီး မြို့ပြအလုပ်သမား၏ (၀.၀၃) ရာခိုင်နှုန်းသာရှိ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်လအတွင်း အကြီးစား ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အလုပ်အကိုင် ဆုံးရှုံးမှု များမှာ (၅) မီလီယံ၊ အသေးစားလုပ်ငန်းများတွင် အလုပ်အကိုင် ဆုံးရှုံးမှု များမှာ (၂၀) မီလီယံရှိကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်အကိုင်ဆုံးရှုံးမှုမှာ အများဆုံးဖြစ်ပြီး (၁၈၀) မီလီယံ ရှိကြောင်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပုံမှန်အနေအထားသို့ တစ်ဖြေးဖြေးချင်း ပြန်လည်ရောက်ရှိနိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများ၏ ဝယ်လိုအားကျဆင်းမှုကြောင့် ပို့ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ အလုပ်သမား (၁၈၀) မီလီယံအတွက် အလုပ်အကိုင်မှာ စိုးရိမ်ဖွယ်ရှိကြောင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှာ ပုံမှန်တိုးတက်မှုရှိနိုင်ကြောင်း၊ ပထမလေးလပတ်အတွင်း စီးပွားရေးကျဆင်းမှုနှင့်အတူ အလုပ်လက်မဲ့များ မြင့်မားနေပြီး တက္ကသိုလ်မှ ကျောင်းပြီးမည့် ကျောင်းသားများ (၉) မီလီယံအတွက် အလုပ်အကိုင်များ ရရှိရန်မှာ သေချာမှုမရှိကြောင်း၊ အစိုးရမှ စစ်တမ်းကောက်ယူ တွက်ချက်ထားသည့် အလုပ်လက်မဲ့နှုန်းတွင် မပါဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၀ ပြည့်နှစ်၏ စာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း၊ အလုပ်လက်မဲ့နှုန်း လျော့ကျရန် အလုပ်သမားများအနေဖြင့် ရေရှည်စာချုပ်ချုပ်ဆို၍ လခစားအနေဖြင့် လုပ်ကိုင်ခြင်းထက် လုပ်ငန်းများတွင် လွတ်လပ်စွာ နေ့စား အဖြစ်လုပ်ကိုင်သင့်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Frank Tang က “ Can China handle historic crisis in unemployment?” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)