China (HongKong)

လေကြောင်းပို့ဆောင်မှုများ ရပ်တန့်လိုက်သောကြောင့် သစ်သီးနှင့် ရေထွက်ကုန်ပစ္စည်းများဈေးနှုန်း မြင့်တက်လာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ (Covid-19) ကူးစက်ပျံ့နှံ့မှုကြောင့် လေကြောင်း လိုင်းဝန်ဆောင်မှုများ မမျှော်လင့်ဘဲ ရုတ်တရက် ယာယီ ရပ်တန့်လိုက် ရသောကြောင့် ဟောင်ကောင်ဒေသရှိ သွင်းကုန်လုပ်ငန်းရှင်များအတွက် အဆင်မပြေမှုများ ဖြစ်ပြီး သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ရေထွက်ပစ္စည်းများဈေးနှုန်း မြင့်တက်လာကြောင်း၊ လတ်ဆတ်သည့် သစ်သီးမျာနှင့်ဟင်းသီးဟင်းရွက်များ အဓိကတင်ပို့နေသည့် ဂျပန်၊ ဥရောပနှင့် မြောက်အာဖရိက ဒေသတို့နှင့် ခရီးသွားဝန်ဆောင်မှုများ ရပ်နား ထားသောကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလအထိ လေကြောင်းလိုင်းများ ပြေးဆွဲရန်မှာ သေချာမှုမရှိကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် သွားလာမှုများ ကန့်သတ်လိုက်သောကြောင့် သစ်သီးများ အဓိကတင်ပို့သည့် စပိန်၊ ဩစတြေးလျနှင့် မြောက်အာဖရိကဒေသတို့မှ သစ်သီးတင်ပို့မှုများ မတ်လအစောပိုင်းမှ စတင်၍ ရပ်တန့်ခဲ့ကြောင်း၊ စပျစ်သီး၊ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီနှင့် ဇီးသီးများကို ဩစတြေးလျ၊ အာဖရိက၊ ဥရောပနိုင်ငံများမှ ခရီးသည်တင် လေယာဉ်ဖြင့် သယ်ယူကြကြောင်း၊ ယခုအခါ လေကြောင်းလိုင်းဖြင့် ကုန်ပစ္စည်းများ သယ်ယူလိုပါက ကုန်ပစ္စည်း တင်သည့် လေယာဉ်များအသုံးပြုရန်လိုအပ်ကြောင်း၊ မြောက်အာဖရိကမှ ဘယ်ရီသီးများ တင်ပို့ရာတွင် လန်ဒန်မှတစ်ဆင့် ဟောင်ကောင်သို့တင်ပို့ပြီး ကုန်သွယ်မှု တန်ဖိုး (၃၀) ရာခိုင်နှုန်းရှိ ကြောင်း၊ ဘယ်ရီသီးများ ဈေးနှုန်းအား လာမည့်အပတ်တွင် (၂၀) ရာခိုင်နှုန်း ဈေးတက်ရောင်း မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသသည် ၂၀၁၈ ခုနှစ်တွင် ကုန်တန်ချိန် (၅) မီလီယံ သယ်ယူပို့ဆောင်ခဲ့ပြီး ရှန်ဟိုင်း၊ အင်ချွန်း၊ ဒူဘိုင်းလေဆိပ်တို့ထက် ပိုမိုသယ်ယူပို့ဆောင်ခဲ့ပြီး ကမ္ဘာ့နံပါတ် (၁) လေဆိပ် ဖြစ်ခဲ့ကြောင်း၊ ခရီးသည်တင် လေကြောင်းလိုင်း (၉၅) ရာခိုင်နှုန်း ဖြစ်သည့် လေကြောင်းလိုင်း (၆၅) လိုင်းအား ရပ်တန့်မည်ဖြစ်ကြောင်း၊ Cathay Dragon နှင့် Cathay Pacific တို့မှ ဧပြီနှင့် မေလတို့တွင် (၉၆) ရာခိုင်နှုန်း ပိတ်မည်ဖြစ်ကြောင်း၊ ဂျပန်အစားအစာများ တင်သွင်းနေသည့်သူမှ ပြောကြားရာတွင် ဧပြီလမှာ သေချာမှုမရှိကြောင်း၊ ယခုအချိန်ထိ တိုကျိုနှင့် အိုဆာကာတို့မှ ကုန်ပစ္စည်းတင်လေကြောင်း ပြေးဆွဲမှုရှိနေသော်လည်း လာမည့်အပတ်တွင် လေကြောင်း ပြေးဆွဲမှု များလျော့ကျသွားနိုင်ကြောင်း၊ သို့ဖြစ်ရာ ရေထွက်ကုန်ပစ္စည်းများ၊ ပင်လယ်စာများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ပုံမှန်တင်သွင်းနိုင်ရန် စိုးရိမ်လျှက် ရှိကြောင်း၊ လေကြောင်းလိုင်းများ ပြေးဆွဲမှုကန့်သတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းများသယ်ရန် သယ်ယူပို့ဆောင်ခစရိတ်များ မြင့်မားလာပြီးစားသုံးသူများမှ မြင့်မားသည့် ဈေးနှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း၊ သို့သော် ဂျပန်နိုင်ငံနှင့် ဟောင်ကောင်ဒေသမှာ သင်္ဘော ဖြင့် သယ်ယူနိုင်သောကြောင့် စားသုံးသူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း၊ ဟောင်ကောင်ဒေသသည် ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များအတွက် အကြီးမားဆုံး ဈေးကွက်ဖြစ်ပြီး ဂျပန် စားသောက်ဆိုင်များလည်း အများအပြားရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ကုန်လုပ်ငန်းများအား ထိခိုက်လျှက်ရှိကြောင်း၊ ပင်လယ်ရေကြောင်းမှ သယ်ယူမှုတွင်လည်း သွင်းကုန် ပစ္စည်းများ၏ သယ်ယူပို့ဆောင်ခစရိတ်မှာ (၅) ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း၊ ဥရောပမှ ဝိုင်နှင့် အေးခဲအသားများအား လေယာဉ်ဖြင့် တင်သွင်းသူများအတွက် ကုန်ကျစရိတ် မှာ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ သိသာစွာမြင့်တက်ခဲ့ကြောင်း၊ အဆိုပါ မြင့်တက် သည့် ကုန်ကျစရိတ်များအား တင်သွင်းသူ၊ ဖြန့်ဖြူး ရောင်းချသူ၊ စားသောက်ဆိုင်များနှင့် စားသုံးသူများမှ မျှဝေ ကျခံရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းအမှာစာအတွက် ဝယ်ယူလိုသည့် ပမာဏအမြောက်အများအား ကြိုတင်ပေးပို့ထားသင့်ကြောင်း၊ ကမ္ဘာ့စားသောက်ကုန် တန်ဖိုးကွင်းဆက် ပြတ်တောက်ခဲ့လျှင် နိုင်ငံတကာသို့တင်ပို့မှုများ ထိခိုက်မည်ဖြစ်ကြောင်း၊ ဟောင်ကောင် ဒေသ၌ စားသောက်ကုန်၏ (၉၆) ရာခိုင်နှုန်းမှာ တရုတ်ပြည်မကြီးနှင့် ပြည်ပနိုင်ငံများမှ တင်သွင်းခြင်းဖြစ်ရာ ကုန်ပစ္စည်းများ တင်ပို့သည့် အရင်းအမြစ်များနှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို သေချာဂရုစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့ထုတ် South China Morning Post  သတင်းစာ ၌ Denise Tsang က “ Fruit, seafood prices to rise amid air cargo cuts” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)