China (HongKong)

လက်လီအရောင်းဆိုင်များ၏ အခန်းငှားရမ်းခများ (၅၀) ရာခိုင်နှုန်း လျော့ချပေးရန် လိုအပ်မည်ဖြစ်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသရှိ အခန်းပိုင်ရှင်များအနေဖြင့် လက်လီအရောင်းဆိုင်များ၏ ငှားရမ်းခကို (၅၀) ရာခိုင်နှုန်း လျော့ချပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်လိုသူ ရှိမည်မဟုတ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလအတွင်း လက်လီရောင်းချရမှုမှာ (၄၄) ရာခိုင်နှုန်း လေျာ့ကျခဲ့ကြောင်း၊ COVID-19  ကြောင့် ခရီးသွားလာမှုများနှင့် ငွေကြးသုံးစွဲမှုများ သိသာစွာကျဆင်းခြင်း ဖြစ် ကြောင်း၊ သို့ဖြစ်ရာ ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam Cheng Yuet-ngor က အခန်းပိုင်ရှင်များအား အခန်းငှားရမ်းသူများအား သက်ညှာခွင့်ပေးရန် တိုက်တွန်းခဲ့ကြောင်း၊ ဆိုင်များဖွင့်ထားမည်ဆိုလျင်လည်း ယခုအချိန်တွင် လူတိုင်းသည် ပြင်ပသို့ထွက်ရန် ကြောက်လန့်လျက်ရှိသဖြင့် ဈေးဝယ် သူများမရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများလည်ပတ်မှုမရှိသော်လည်း ထိန်းသိမ်းစောင့်ရှောက်မှုစရိတ်၊ မီတာလနှင့် လစာအစရှိသည်တို့ကို လုပ်ငန်းရှင်များအနေဖြင့် ပေးချေနေရမည်ဖြစ်ကြောင်း၊ COVID-19 ကြောင့် ဟောင်ကောင် ရှိ စားသောက်ဆိုင် လုပ်ငန်းများမှာ ရိုက်ခတ်မှုများ ပြင်းထန်စွာ ခံနေရကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Martin Choi က “ Retail rents ‘may need to be cut by 50pc” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)