China(Beijing)

ရောင်းလိုအား မြင့်တက်လာသည့်အတွက် တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းခဲ့

Last Updated:

ငွေကြေးဖောင်းပွမှု၏ အဓိကအညွှန်းကိန်းဖြစ်သည့် စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း (၂.၇) ရာခိုင်နှုန်း ရှိခဲ့ရာမှ ဩဂုတ်လအတွင်း (၂.၄) ရာခိုင်နှုန်းဖြင့် တည်ငြိမ်လျက်ရှိကြောင်း တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန် ကြေညာခဲ့ ပါသည်။ အစားအသောက် ဈေးနှုန်းများအနက် ဝက်သားရောင်းလိုအားမှာ မြင့်တက်လာသော်လည်း ဈေးကွက်အတွင်းဝယ်လိုအား မြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်း (၁.၂) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ကြက်သားနှင့် ဘဲသားဈေးနှုန်းများမှာမူ (၁.၆) ရာခိုင်နှုန်း နှင့်(၀.၉)ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံအတွင်း၌ ဖြစ်ပေါ်ခဲ့သည့် ရေကြီးနစ်မြှုပ်မှုများအား ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဈေးကွက်အတွင်း အစားအစာ ရောင်းလိုအားများပြန်လည်မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုတည်ငြိမ်လာခြင်း ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့် ဈေးကွက်လိုအပ်ချက်များကြောင့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း(PPI)မှာမူ ဩဂုတ်လအတွင်း၌ ဆက်လက်တိုးတက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ တိုးတက်လာခြင်းသည်  နိုင်ငံ့စီးပွားရေး တိုးတက် ကောင်းမွန်လာခြင်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်စည်ဈေးနှုန်းများသည် နိုင်ငံတကာဈေးကွက်အတွင်းရှိ ရေနံစိမ်းနှင့် သတ္တုဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လိုက်ပါမြင့်တက်လျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုများသည် ဩဂုတ်လကုန်တွင် ပြီးဆုံးသွားပြီဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိ လာတော့မည်ဖြစ်ပြီး လာမည့်လများ အတွင်း၌ ပြည်တွင်း အစားသောက်ရောင်းလိုအားပြန်လည်မြင့်တက်လာတော့မည် ဖြစ်သည်ဟု တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ကျွမ်းကျင်သူမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ပေကျင်းမြို့)
Source: https://www.globaltimes.cn/content/1200338.shtml

Category: China(Beijing)