USA

မြန်မာ - အမေရိကန် - ဂျပန် - ဩစတြေးလျ - အိန္ဒိယ (၅) နိုင်ငံစီးပွားရေးဖိုရမ် ရန်ကုန်မြို့တွင် ကျင်းပမည်

Last Updated:

မြန်မာ၊ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့အကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့် နိုင်ရန် ရည်ရွယ်၍  (၅) နိုင်ငံစီးပွားရေးဖိုရမ်ကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

အဆိုပါဖိုရမ်တွင်  အမေရိကန် ၊ ဂျပန် ၊  ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့မှ ကုန်သည်အသင်းများလည်း ပါဝင် တက်ရောက်ကြမည်ဖြစ်ရာ မြန်မာကုန်သည်၊လုပ်ငန်းရှင်များအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများရရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည့်အတွက် အဆိုပါနိုင်ငံများ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ မိမိတို့ သိလိုသည်များကိုမေးမြန်း၊ အသိပေးနိုင်သည့် အခွင့်အလမ်းများလည်းရရှိကြမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက ရန်ကုန်မြို့ရှိအမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော Mr. John Fleming, Senior Commercial Officer (email: [email protected]) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသတင်းရရှိပါတယ်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Category: USA