USA

မန္တလေးမြို့တွင် မြန်မာ -အမေရိကန် စီးပွားရေးမစ်ရှင်ကျင်းပမည်

Last Updated:

      ဧရာဝတီမြစ်ကြောတလျောက်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ကြီးသည် အားမာန်အပြည့်နှင့် တက်ကြွသောကူးသန်းရောင်းဝယ်ရေးစင်တာတစ်ခုအဖြစ် လျင်မြန်စွာ တိုးတက်လျက် ရှိပါတယ်။ ယင်းမန္တလေးမြို့ကြီး တွင်  အမေရိကန် - မြန်မာကုန်သည်အသင်း (AMCHAM)နှင့် အမေရိကန် စီးပွားရေးဝန်ဆောင်မှုအသင်း (U.S. Commercial Service) တို့ ပူးပေါင်း၍  ရန်ကုန်အလွန် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ပြီး ကူးသန်းရောင်းဝယ်ရေးအချိတ်အဆက်များ တည်ဆောက် နိုင်ရေးအတွက် အမေရိကန်စီးပွားရေးမစ်ရှင်ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် စီစဉ်၊ ကျင်းပသွားမှာ ဖြစ်ပါတယ်။  အဆိုပါမစ်ရှင်သို့ အမေရိကန် - မြန်မာကုန်သည်အသင်းနှင့် အင်ဒို-ပစိဖိတ်ဒေသတစ်ဝန်းမှ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ကြားထားကြောင်းသိရပါတယ်။ ယင်းမစ်ရှင်သို့ ပါဝင်တက်ရောက်ခြင်းအားဖြင့် မန္တလေးဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ရရှိကာမန္တလေးမြို့နှင့် တိုင်းဒေသကြီးတွင် အနာဂတ် ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိခွင့်ရရှိမှာဖြစ်သကဲ့သို့ မန္တလေးမြို့တွင် အသစ်ဖွင့်လှစ်ထားသည့် အမေရိကန်စီးပွားရေးကော်နာတွင် လေ့လာနိုင်သည့် အရင်းအမြစ်များကို လေ့လာခွင့်ရကြမှာဖြစ်ပါတယ်။ ထို့ပြင် မန္တလေးကုန်သည်အသင်းအနေဖြင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးမိတ်ဖက်ကောင်းများပိုမိုရရှိမည့် အခွင့်အလမ်းများရရှိမှာ ဖြစ်ပါတယ်။

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Category: USA