Japan

ဖေဖော်ဝါရီလအတွင်း ဂျပန်၏ တရုတ်မှ ကုန်ပစ္စည်းတင်သွင်းမှု သိသိသာသာကျဆင်းခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်ပို့မှုများ သိသိသာသာ ကျဆင်းခဲ့သည့်အတွက်  ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ၏ သွင်းကုန်တန်ဖိုး ပမာဏများပြားစွာ လျော့ကျခဲ့ ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါသည်။

အဆိုပါဝန်ကြီးဌာနက မတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်းဇယားအချက်အလက်များအရ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ၏ စုစုပေါင်းသွင်းကုန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံကျော်လောက်သာရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၄ %  လျော့ကျခဲ့ကြောင်း တွေ့ရပါ သည်။

တရုတ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်တန်ဖိုး ၄၇ % ကျော်လျော့ကျခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်တန်ဖိုးခန့်ရှိခဲ့ပြီး ၃၃ နှစ်တာကာလအတွင်း အများဆုံးလျော့ကျခဲ့မှုဖြစ်ပါသည်။ တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ အဝတ်အထည်နှင့် အသုံးအဆောင်များ တင်ပို့မှု ၆၅ % ကျော်၊ လက်ကိုင်ဖုန်းနှင့် အခြားဆက်သွယ်ရေးစက်ပစ္စည်းများ တင်ပို့မှုမှာ ၄၅ % ကျော် ကျဆင်းခဲ့ကာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုမှာ ၃၇ % ကျော် ကျဆင်းခဲ့ပါသည်။

Category: Japan