China (HongKong)

ပို့ကုန်လုပ်ငန်းရှင်များ Made in China တံဆိပ်ပြောင်းလဲရန် အချိန်ပိုမိုရရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်း (Made in China) အဖြစ်တံဆိပ်ပြောင်းလဲကပ်ပြီးမှ တင်ပို့ရေးသတ်မှတ်ချက်သည် လတ်တလော ဆောင်ရွက်ရန်မလိုဘဲ အချိန်ပိုမိုရရှိမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသို့ ကုန်ပစ္စည်းတင်သွင်းသူများအတွက် ပြင်ဆင်ချိန်ပိုရရန် ကုန်အမှတ်တံဆိပ် နည်းဥပ‌‌ဒေအသစ်အား ၂၅-၉-၂၀၂၀ ရက်နေ့မှ ၉-၁၁-၂၀၂၀ ရက်နေ့အထိ အချိန်တိုးမြှင့် ခွင့်ပြုသွားမည်ဟု အမေရိကန်အ‌ကောက်အခွန်နှင့် နယ်စပ်အကာအကွယ်ပေးရေးမှပြောကြားခဲ့ကြောင်း၊ အမေရိကန်သမ္မတထရန့်၏ အမိန့်ညွှန်ကြားချက်မှာ ဟောင်ကောင်ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အခွင့်အရေးအရ ဟောင်ကောင်ဒေသထုတ်ကုန်ပစ္စည်း( Made in Hong Kong) တံဆိပ် အား Made in China အဖြစ်ပြောင်းလဲ၍ တံဆိပ်ကပ်ရခြင်းမှာ  တရုတ်နိုင်ငံ၏ မြို့တစ်မြို့ကဲ့သို့ ဆောင်ရွက်ရာရောက်ကြောင်း၊ ဟောင်ကောင်ဒေသ၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကောက်အခွန် သီးသန့်ကောက်ခံမှု အထူးအခွင့်အရေးကိုခြိမ်းခြောက်လျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသအစိုးရသည် အမေရိကန်ရှိ ဟောင်ကောင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးမှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံသည် ဟောင်ကောင်ကုန်အမှတ်တံဆိပ်များအား ပျောက်ကွယ် သွားအောင် ဆောင်ရွက်သကဲ့သို့ဖြစ်ပြီး တရားမျှတမှု မရှိကြောင်း၊ သို့သော် ဟောင်ကောင် ဒေသထုတ်ကုန်ပစ္စည်းများမှာ ၂၀၁၈ ခုနှစ် တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ စတင်ကတည်းက ကောက်ခံသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့်အခွန်များ ပေးဆောင်ရမည်မဟုတ်ကြောင်း၊ သို့သော် ဟောင်ကောင်ဒေသထုတ်ကုန်ပစ္စည်းများအား ကြေညာရန် ဇဝေဇဝါဖြစ်နေကြောင်း၊  အမေရိကန်ဒေါ်လာ (၄၇၁) မီလီယံတန်ဖိုးရှိ ဟောင်ကောင်ဒေသထုတ် ကုန်ပစ္စည်းများဖြစ်သည့် ကျောက်မျက်လက်ဝတ် ရတနာများ၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းများအား ၂၀၁၉ ခုနှစ်တွင် တင်ပို့ခဲ့ကြောင်း၊ ဟောင်ကောင်လုပ်ငန်းများသည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ နည်းဗျူဟာနှင့် ကမ္ဘာ့ကပ်ရောဂါ COVID-19 အားခံနိုင်ရည်ရှိရန် ဒစ်ဂျစ်တယ်လ် စနစ်ဖြင့် ပြောင်းလဲလုပ်ကိုင်လာကြောင်း၊ ဘဏ်များမှလည်း ငွေကြေးကဏ္ဍဝန်ထုပ်ဝန်ပိုးများ လျော့ပါးစေရန် ‌‌အတိုးနှုန်းများလျှော့ချခြင်းနှင့် ထုတ်ချေးပေးထားသော ဟောင်ကောင်ဒေါ်လာ (၁၅၀) မီလီယံ ပြန်လည်ပေးသွင်းရန် ရက်ရွှေ့ဆိုင်းပေးခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denis Tsang နှင့် Jack Lau တို့က “ Exporters get more time for ‘Made in China’ switch” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)