China (HongKong)

ပို့ကုန်ထိန်းချုပ်မှုကြောင့် ကုန်စည်တင်သွင်းမှုကို ပြင်းထန်စွာထိခိုက်စေပြီး ကုန်ပစ္စည်း များ အထိတ်တလန့်ဝယ်ယူကြသဖြင့် Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ အစားရေစာပြတ်လပ်မှုများ ဖြစ်နိုင်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကုန်စည်တင်သွင်းမှုများအပေါ် ပြင်းထန်စွာ ရိုက်ခတ်မှုများဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလအတွင်းတွင် ကမ္ဘာ လုံးဆိုင်ရာ အစာရေစာပြတ်လပ်မှုများ ဖြစ်နိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ပြောကြားခဲ့ကြောင်း၊ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးကွန်ယက်အပေါ် ထိခိုက်မှုများရှိသောကြောင့်  တရုတ်ပြည်မကြီးမှ အများဆုံးစားသုံးနေသည့် ပဲပုပ်စေ့တင်ပို့မှုအပေါ် ရိုက်ခတ်မှုများ ရှိနိုင်ကြောင်း၊ တရုတ်ပြည်မ ကြီးတွင် လူဦးရေ (၁.၄) မီလီယံရှိပြီး နိုင်ငံတွင်း ထုတ်လုပ်သည့် ဆန်နှင့် ဂျုံတို့အပေါ်တွင် အားထားစားသုံးလျှက်ရှိသော်လည်း အချို့ သော သီးနှံများဖြစ်သည့် ပဲပုပ်စေ့ အစရှိသည်တို့အား ပြည်ပနိုင်ငံများမှ တင်သွင်းလျှက်ရှိရာ တရုတ်ပြည်မကြီးရှိ စားသုံးသူများအတွက် ပဲပုပ်စေ့ဈေးနှုန်းမှာ မြင့်တက်နိုင်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် အသွားအလာကန့်သတ်ပိတ်ပင်မှုများကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အားနှေးကွေးစေပြီး တန်ဖိုးကွင်းဆက် ထုတ် လုပ်မှုများအပါ် ထိခိုက်မှုများဖြစ်နိုင်ကြောင်း၊ နယ်စပ်ဂိတ်များပိတ်ခြင်း၊ တန်ဖိုးကွင်းဆက်ထုတ်လုပ်မှုများအပေါ် ထိခိုက်မှုများရှိသောကြောင့် စားနပ်ရိက္ခာစနစ်အပေါ် ရိုက်ခတ်မှုများရှိနိုင်ကြောင်း၊ မကြာသေးခင်ကာလများက ပို့ကုန်တင်ပို့မှုတားမြစ်ကန့်သတ်မှုများကြောင့် အဓိကအစားအစာများ ဖြစ်သည့် ဆန်နှင့် ဂျုံများအပေါ်တွင် ရိုက်ခတ်မှုများဖြစ်ပေါ်လျှက်ရှိသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောကြားခဲ့ကြောင်း၊ ထို့အပြင် အာဖရိကနှင့် အရှေ့အလယ်ပိုင်း‌ဒေသတို့၌ ကျိုင်းကောင်များ စုပြုံကျရောက်မှုကြောင့် အစားအစာထုတ်လုပ်မှုအပေါ် သက်ရောက်မှုများရှိခဲ့ပြီး တန်ဖိုးကွင်းဆက်ထုတ်လုပ်မှုများ ထိခိုက်ခြင်း၊ ပို့ကုန်ကန့်သတ် မှုများ၊ ကုန်စည်ဈေးနှုန်းများမြင့်တက်ခြင်း၊ အထိတ်တလန့် ဝယ်ယူမှုများကြောင့် ကမ္ဘာ့အစားအစာ ဈေးကွက်ကို ပိုမိုဆိုးရွားသွားစေကြောင်း၊ Covid-19 ကူးစက် ပျံ့နှံ့မှုအား ထိရောက်စွာ ထိန်းချုပ်နိုင်မှုမရှိလျှင်တရုတ်နိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံမှုကိုခြောက်လှန့်နိုင်ပြီး ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်း ပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဆန်တင်ပို့မှုတွင် ကမ္ဘာ့တတိယအဆင့်ရှိ သည့် ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့မှုအား ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှု ဖူလှုံရန် သိုလှောင်ထားမည်ဖြစ်ကြောင်း၊  ထိုင်းနိုင်ငံတွင်လည်း ပြည်တွင်း၌ ကြက်ဥပြတ်လပ်ခြင်း ကြောင့် ဝယ်လိုအားများမြင့်တက်လာပြီး ဈေးနှုန်း (၂) ဆ မြင့်တက်ခဲ့သောကြောင့် ပြည်ပတင်ပို့မှုများ ကန့်သတ်တားမြစ်လိုက်ကြောင်း၊ ဟောင်ကောင်ဒေသသို့ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်တင်ပို့မှု (၈၀) ရာခိုင်နှုန်း ရှိပြီး ဒေသခံနေထိုင်သူများ ဆိုင်ပြင်ပတွင် ရှည်လျားစွာ တန်းစီ၍ ဝယ်ယူမှုများ ရှိခဲ့ကြောင်း၊ ၃၀-၃-၂၀၂၀ ရက်နေ့တွင် စူပါမားကတ် အရောင်းဆိုင်ကြီးများတွင် ဆန်များ ပြတ်လပ်သွားပြီး တစ်ဦးလျှင် အများဆုံး ဆန် (၂) အိတ်နှင့် ကြက်ဥ (၂) ကဒ်သာ ဝယ်ယူ ခွင့်ပြုထားကြောင်း၊ အဓိကအစားအစာများကို နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံမှသာ အဓိကအားထားတင်သွင်းရသည့်နိုင်ငံများအတွက် အစားအစာပြတ်လပ်မှုဖြစ်ပွားခြင်းမှာ သိသာမည်ဖြစ် ကြောင်း၊ Covid-19 ကူးစက်ပျံ့နှံ့မှုမှာ တရုတ်ပြည်မကြီး အပြင်ဘက် အထူးသဖြင့် အစားအစာအမြောက်အမြား တင်ပို့နေသည့် မြောက်အမေရိကနှင့် ဥရောပနိုင်ငံတို့တွင် ကူးစက်ပျံ့နှံ့မှုများ အရှိန်မြင့်တက်လျှက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်မကြီး၌ ဆန်တင်သွင်းမှု တန်ချိန် (၂.၅) မီလီယံနှင့် ဂျုံတင်သွင်းမှု တန်ချိန် (၃.၅) မီလီယံရှိခဲ့ကြောင်း၊ အာဖရိက ဝက်တုပ်ကွေးကြောင့် ပြည်တွင်း၌ မွေးမြူထားသည့် ဝက်ကောင်ရေ (၆၀) ရာခိုင်နှုန်းခန့် သေဆုံးခဲ့မှုကြောင့် တရုတ်ပြည်မကြီး၌ဝက်သားဈေးနှုန်းများ ရုတ်တရက်မြင့်တက်မှုများရှိခဲ့ကြောင်း၊ တရုတ်ပြည်မကြီးက အဓိကတင်သွင်းလျှက်ရှိသည့် ဆော်လမွန်၊ ပုစွန်နှင့် ငါးမန်းမျိုးရင်းဝင် ငါးများကို တင်ပို့လျှက် ရှိသည့် အိန္ဒိယ၊ ဗီယက်နမ်နှင့် နော်ဝေနိုင်ငံတို့၌လည်း Covid-19 ကူးစက်ပျံ့နှံ့မှု၏ ရိုက်ခတ်မှု များကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ထိခိုက်မှုများရှိနေကြောင်း၊ အစားအစာများအဓိက တင်ပို့လျှက်ရှိသည့် ဩစတြေးလျနိုင်ငံ တွင် စားသောက်ကုန်များအား အထိတ်တလန့် ဝယ်ယူမှုများကြောင့် အရောင်းဆိုင်များတွင် စားသောက်ကုန်များအား မပြတ်လပ်အောင် တင်ထားရန် အခက်အခဲများရှိနေကြောင်း၊ ဩစတြေးလျနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ထိ (၆) လကြာ တောမီးလောင်ကျွမ်းမှုဖြစ်ခဲ့သော်လည်း ယခုရောဂါ ဖြစ်ပွားလျှက်ရှိသည့် အကြပ်အတည်းအား ကျော်လွှားနိုင်ရန် အစားအစာများလုံလောက်စွာဖြည့်တင်း ပေးနိုင်ရန်လိုအပ်ကြောင်း၊ ဝယ်လိုအားများ ရုတ်တရက်မြင့်တက်လာမှုအတွက် အဓိက အခက်အခဲမှာ အစားအစာများ ဖြည့်တင်းပေးနိုင်မှုမဟုတ်ဘဲ ပစ္စည်းများအား လိုအပ်သည့်အချိန်တွင် အချိန်မီ/အချိန်ကိုက်ဖြန့်ဖြူးပေးနိုင်သည့်စနစ် ( Just in time distribution process) ကိုဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Coronavirus may cause global food shortages as panic buying and export curbs hit supply ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)