Japan

နိုင်ငံ ၁၁ နိုင်ငံဆိုင်ရာ ဗီဇာများ ဂျပန်ဖျက်သိမ်းခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အာဖရိကကနိုင်ငံ ၁၁ နိုင်ငံအတွက် ထုတ်ပေးထားသော ဗီဇာများအား ဖျက်သိမ်းရန် မတ်လ ၂၇ ရက်နေ့က ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ပါသည်။

အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အစ္စရေး၊ ကာတာ၊ ဘားရိန်းနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံများတွင်ရှိသော ဂျပန် သံရုံးများမှ ထုတ်ပေးထားသည့် ဗီဇာ ပေါင်း ၇၅၀,၀၀၀ ခန့်သည် မတ်လ ၂၈ ရက်နေ့မှစ၍ အကျုံးမဝင်တော့ကြောင်း သိရပါသည်။

တရုတ်၊ တောင်ကိုရီးယား၊ အီရန်၊ အီဂျစ်နှင့် ဥရောပနိုင်ငံ အများစုအပါအဝင် နိုင်ငံပေါင်း ၄၀ တို့တွင် ထုတ်ပေးခဲ့သော ဗီဇာများကိုလည်း ဂျပန်အစိုးရက ပယ်ဖျက်ခဲ့ပြီးဖြစ်ပါသည်။ တရုတ်နှင့် တောင်ကိုရီးယားတို့တွင် ထုတ်ပေးခဲ့သည့် ဗီဇာများအား မတ်လ ကုန်အထိသာ ဖျက်သိမ်းရန် မူလကစီစဉ်ထားခဲ့သော်လည်း ယခုအခါ ဧပြီလကုန်အထိ တိုးမြှင့််ကျင့်သုံးရန်ကို ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan