China(Nanning)

နယ်စပ်ဖြတ်ကျော်ဉမင်လိုဏ်ခေါင်း အပြီးသတ်သွားပြီဖြစ်သည့် တရုတ်-လာအို မီးရထားလမ်း

Last Updated:

တရုတ်- လာအို မီးရထားလမ်းပေါ်ရှိ နယ်စပ်ဖြတ်ကျော်သည့် ဉမင်လိုဏ်ခေါင်းမှာ စက်တင်ဘာလအစောပိုင်းတွင် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍  ရထားလိုင်းတစ်ခု လုံးအတွက် အပြည့်အဝအသုံးပြုနိုင်ရန် အခြေခံအုတ်မြစ်ကို  တည်ဆောက်ပြီးသွားပြီဖြစ်ပါ သည်။

ချစ်ကြည်ရေးဉမင်လိုဏ်ခေါင်း ဟုခေါ်တွင်သည့် ၎င်းလိုဏ်ခေါင်းမှာ ကီလိုမီတာ (၉.၅၉) ရှှည်လျားပြီး၊ တရုတ်နိုင်ငံဘက်တွင် (၇.၁၇) ကီလိုမီတာနှင့် လာအိုနိုင်ငံ ဘက်တွင် (၂.၄၂) ကီလိုမီတာ ရှည်လျားပါသည်။

တရုတ်နိုင်ငံ၏ နည်းပညာစံချိန်စံညွှန်းများနှင့် ကိရိယာတန်ဆာပလာများကို အသုံးပြုထားသည့် တရုတ်- လာအို မီးရထားလမ်းမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှိ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းမြို့မှ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျန်းမြို့သို့ ဆက်သွယ်ထားတာ ကီလိုမီတာ (၁) ထောင်ကျော် ရှည်လျားပါသည်။ 

အဆိုပါ ရထားလမ်းစီမံကိန်းအား ၂၀၂၁ ခုနှစ်အကုန်တွင် အပြီးသတ်၍ ဖွင့်လှစ်သွားရန် စီစဉ်ထားရှိပြီး ကူမင်းနှင့် ဗီယန်ကျန်းတို့အကြား ခရီးသွားလာချိန်အား ၁၂ နာရီခန့် လျှော့ချပေးသွားနိုင်ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Chinadaily (၁၄-၉-၂၀၂၀)

Category: China(Nanning)