India (Delhi)

ဓါတ်ခွဲစမ်းသပ်မှု လုပ်ငန်းသုံးပစ္စည်းများ ပြည်ပတင်ပို့မှုအား အိန္ဒိယအစိုးရက ကန့်သတ်လိုက်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိမရှိ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုများအား နိုင်ငံတစ်ဝန်း၌ ကျယ်ပြန့်စွာ လုပ်ဆောင်လာရသည့်အလျောက် ယခင်က ဓါတ်ခွဲစမ်းသပ်မှု လုပ်ငန်းသုံးပစ္စည်း များအား ပြည်ပသို့ လွတ်လပ်စွာတင်ပို့ခွင့် ပြုထားရှိရာမှ ကန့်သတ်တင်ပို့ ကုန်စည်များအဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ပို့ကုန်ဆိုင်ရာမူဝါဒဆိုင်ရာ ပြင်ဆင်သည့် အမိန့်ကြော်ငြာစာ အမှတ် ၅၉/၂၀၁၅-၂၀၂၀ ကို အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ၄.၄.၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအမိန့်အရ ITC HS code 3822 အောက်ရှိ ဓါတ်ခွဲစမ်းသပ်မှု လုပ်ငန်းသုံးပစ္စည်း (diagnostic kits) များအားလုံးအား ပြည်ပတင်ပို့ရာ၌ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းနေ့ရက်မှစတင်၍ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း များထံမှ ကြိုတင်ခွင့်ပြုချက်ရယူ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:     Notification No.59/2015-2020 dated 4th Apr 2020 of Directorate General of Foreign Trade, Ministry of Commerce and Industry of India

Category: India (Delhi)