India (Delhi)

ဒေလီလေဆိပ်၌ ပြည်တွင်းလေကြောင်းခရီးစဉ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယလေကြောင်းဌာနက သတင်းထုတ်ပြန်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ဒေလီမြို့တော်၌ ဆက်သွယ်သွားလာမှုများအား မတ်လ ၃၁ ရက်အထိ တားမြစ်ပိတ်ပင်ထား မည့်အခြေအနေအား ၂၂.၃.၂၀၂၀ နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ပြည်တွင်းလေကြောင်းခရီးစဉ်များကိုပါ ပိတ်ထားမည်ဖြစ်ကြောင်း ဒေလီပြည်ထောင်စု နယ်မြေအစိုးရဝန်ကြီးချုပ် Mr. Arvind Kejriwal က ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားချက်နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲအပြီး မိနစ် ပိုင်းအကြာတွင် အိန္ဒိယနိုင်ငံအစိုးရ၊ မြို့ပြလေကြောင်းဦးစီးဌာန (Director General of Civil Aviation - DGCA) က ဒေလီမြို့ရှိ အင်ဒီယာဂန္ဒီလေဆိပ်၏ ပြည်တွင်းလေကြောင်း ခရီးစဉ် လုပ်ငန်းဆောင်ရွက်မှုများအား ဆိုင်းငံထားခြင်းမရှိပဲ ပုံမှန်လည်ပတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းချက် ပြန်လည်ထုတ်ပြန်ကြေညာခဲ့ပါသည်။ DGCA က လေဆိပ်လုပ်ငန်းဆောင်ရွက်မှု များသည် ဒေလီပြည်ထောင်စုနယ်မြေအစိုးရ လက်အောက်၌မရှိပဲ ဗဟိုအစိုးရ၏ စီမံအုပ်ချုပ်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လက်ရှိကာလတွင် ပြည်ပလေကြောင်းခရီးစဉ်များအား နိုင်ငံအတွင်းဆင်းသက်မှုကို ယာယီဆိုင်းငံထားခြင်းဖြစ်ကြောင်း ဖေါ်ပြပါသည်။ သို့ရာတွင် ခရီးသည် သွားလာမှုနည်းပါးခြင်းကြောင့် လေကြောင်းလိုင်းများသည် ပြည်တွင်းလေကြောင်းခရီးစဉ်အချို့ကို ဖျက်သိမ်းထားရှိပြီးဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Domestic Flights In And Out Of Delhi Not Banned: Aviation Regulator, 22 March 2020, NDTV

Category: India (Delhi)