Thailand

ထိုင်းနိုင်ငံ၏ အေးခဲပင်လယ်စာပြည်ပတင်ပို့မှု ပြန်လည်မြှင့်တင်ရန်မျှော်လင့်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကိုတားဆီးရန် ကမ္ဘာအနှံ့ပိတ်ဆို့မှုများကြောင့် ထိုင်းနိုင်ငံအနေဖြင့် အေးခဲပင်လယ်စာပြည်ပတင်ပို့မှုသည် ပထမ (၃) လပတ်တွင် (၉.၈%) ကျဆင်းခဲ့ပြီးနောက် တတိယနှင့် စတုတ္ထ (၃) လပတ်တွင် ပြည်လည်နာလန်ထူလာနိုင်မည်ဟု မျှော်လင့် ထားပါသည်။ ထိုင်းအေးခဲပင်လယ်စာအသင်းဉ က္ကဌ Poj Aramwattananont ကဒုတိယ (၃) လပတ်အတွင်း သင်္ဘောတင်ပို့မှုကျဆင်းခြင်း (သို့မဟုတ်) မတိုးတက်ဘဲ ရုန်းကန်ရပြီးနောက် တတိယ (၃) လပတ်တွင် ပြန်လည်နာလန်ထူလာနိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ Covid-19 ပျံ့ပွားမှုအပေါ် ထိရောက်သောထိန်းချုပ်မှုများကြောင့် ထိုင်းပင်လယ်စာများအနေဖြင့် အစားအစာလုံခြုံမှုတွင် ပိုမိုကောင်းမွန်သော ပုံရိပ်များရရှိခဲ့သည်ဟု Mr. Poj က ပြောကြားခဲ့ပါသည်။ ပို၍အရေးကြီးသည်မှာ ထိုင်းထုတ်လုပ်သူများ အနေဖြင့် တူနာငါးနှင့် စည်သွပ်ဆာဒင်းငါးတို့၏ ဝယ်လိုအားမြင့်မားနေချိန်တွင် လက်လီရောင်းချသူများ၏ မြင့်မားလှသောဝယ်လိုအားကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းက အေးခဲပင်လယ်စာ ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဘတ်ငွေ (၁၀၀.၈၃) ဘီလီယံရှိရာမှ  (၁၀%) ကျော် တိုးတက်နိုင်မည်ဟု ခန့်မှန်းထားပါသည်။ အကြောင်းမှာ ကပ်ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံအများအပြားက ပိတ်ဆို့မှုများ စတင်ခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။ ထိုင်းနိုင်ငံမှ အေးခဲပင်လယ်စာတင်ပို့မှုမှာ ယမန်နှစ်အလားတူကာလက ဘတ်ငွေ (၃၇.၉၁) ဘီလီယံရှိရာမှ (၉.၈%) ကျဆင်းခဲ့ရပါသည်။

အမှန်တစ်ကယ်တွင် ထိုင်းနိုင်ငံအနေဖြင့် ကုန်ကြမ်းရှားပါးမှု၊ ပုဇွန်မွေးကင်းစသေဆုံးမှုရောဂါနှင့် အီးယူ၏ ငါးလုပ်ငန်းစည်းမျဉ်းများကြောင့် လွန်ခဲ့သော (၆) နှစ်အတွင်း ပင်လယ်စာတင်ပို့မှုကျဆင်းခဲ့ရပါသည်။ ယမန်နှစ်ကတင်ပို့မှုမှာ ဘတ်ငွေ (၁၁၀.၀၅) ဘီလီယံမှ (၈.၄%) ကျဆင်းခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာဂျူရင်က ယမန်နေ့ (၂၅-၄-၂၀၂၀ရက်နေ့) ကပင်လယ်စာထုတ်လုပ်သူများနှင့်တွေ့ဆုံပြီး ထိုင်းပြည်သူများနှင့် ပုဂ္ဂလိကကဏ္ဍတို့အနေဖြင့် ပြည်ပသင်္ဘောတင်ပို့မှုကို နီးကပ်စွာပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ထိုင်းပင်လယ်စာပြည်ပတင်ပို့မှုကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ကြောင်း၊ အထူးသဖြင့် စည်သွပ်တူနာငါးနှင့် ဆာဒင်းငါးများ၊ တူနာငါးအခြေခံတိရစ္ဆာန်အစားအစာများ၊ ပုဇွန်၊ ပြည်ကြီးငါးနှင့် ငါးတင်ပို့မှုလုပ်ငန်းများ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အထူးသဖြင့် ဥရောပ၊ ဗြိတိန်နှင့် အာဖရိကတို့နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ကတိပြုထားပြီး နှစ်ကုန်ပိုင်းတွင် သတ်မှတ်ထားသည့်အတိုင်း ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို လက်မှတ်ရေးထိုးနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားလျှက်ရှိပါသည်။ ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ တရုတ်၊ ရုရှား၊ အာဖရိကစသည့် ဈေးကွက်များကိုရှာဖွေရန်နှင့် ထိုနိုင်ငံများတွင် ထိုင်းထုတ်လုပ်သူများ၏ ပင်လယ်စာ ဈေးကွက်မြှင့်တင်ရန် ကတိပြုထားပါသည်။

မစ္စတာဂျူရင်က အစိုးရအနေဖြင့် အထူးသဖြင့် အစားအစာလုံခြုံရေးကိစ္စရပ်များတွင် ပုဂ္ဂလိကဏ္ဍပိုင်းနှင့် ပြည်သူ့ဆက်ဆံရေးမြှင့်တင်ရေးအပိုင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source: Bangk Post                                                               

Category: Thailand