Thailand

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ထိရောက်မှုမရှိသော အစီအမံများအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်

Last Updated:

ခရီးသွားကဏ္ဍအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ကာကွယ်ရေး၌ အစိုးရ၏ ထိရောက်မှုမရှိသော အစီအမံများကို ပြက်ရယ်ပြုလှောင်ပြောင်ခဲ့ပြီး ခရီးသွားလုပ်ငန်း ရှိ လုပ်သား (၄.၃) သန်း၏ ထက်ဝက်ခန့်မှာ ၎င်းတို့၏ အလုပ်များဆုံးရှုံးနိုင်ပြီး အလုပ်လက်မဲ့များတိုးမြင့်လာနိုင်ကြောင်း သတိပေးလျှက်ရှိပါသည်။

အမျိုးသားစာရင်းအင်းရုံး၏ ဇန်နဝါရီလစာရင်းများအရ ဟိုတယ်နှင့် စား‌သောက်ဆိုင်များတွင် အလုပ်သမားဝန်ထမ်းအင်အား (၃) သန်းရှိကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံခရီးသွားလုပ် ငန်းကောင်စီမှခရီးသွားကုမ္ပဏီများနှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျှက်ရှိသည့် အခြားသော ခရီးသွားများအပေါ်ဆွဲဆောင်သည့်ကဏ္ဍ များ အပါအဝင်ဧည့်ခံပြုစုမှုလုပ်ငန်းကဏ္ဍများ၌အလုပ်လုပ်ကိုင် နေသူစုစုပေါင်း(၄.၃) သန်း ရှိသည်ဟု ခန့်မှန်းထားပါသည်။

အကယ်၍ ‌ရောဂါဖြစ်ပွားမှုသည် တူညီသောအရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်လာပါက ထိခိုက်နစ်နာသော စီးပွားရေးလုပ်ငန်များသည် စုစုပေါင်းအလုပ်သမား များ၏ (၂၀ %) (သို့မဟုတ်) အလုပ်သမားပေါင်း (၈၆၀,၀၀၀) ခန့်သည် ကုန်ကျစရိတ်များကို ထိန်းချုပ်ရန် ပိုမိုတင်းကျပ်သော အစီအမံများကြောင့် အလုပ်အကိုင် များဆုံးရှုံးသွားနိုင်ပါသည်။ ဤခန့်မှန်းချက်သည် ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် နိုင်ငံတကာမှ ခရီးသွားရောက်ရှိမှု သန်း (၃၀) သာရှိ လိမ့်မည်ဟူသော အဆိုးဝါးဆုံးခန့်မှန်းချက် အခြေအနေဖြစ်ရပ်အပေါ် အခြေခံ၍ တွက်ချက်ခန့်မှန်းထားခြင်းဖြစ်ပါသည်။

ထိုင်းခရီးသွားလုပ်ငန်းကောင်စီဉက္ကဌ Chairat Trirattansjarasporn က အစိုးရအနေဖြင့် ပိုမိုထိရောက်သော အစီအမံများမရှိပါက ခရီးသွားကဏ္ဍရှိ အလုပ်သမား ဝက်ထက်ကျော်အနေဖြင့် အန္တရာယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။အင်္ဂါနေ့က အစိုးရက အတည်ပြုပေးခဲ့သော ကူညီ ထောက်ပံ့ရေး အစီအစဉ် သည် SMEs လုပ်ငန်းများကဲ့သို့သော လူမှုဖူလုံရေးအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ လစာပေးဆောင်ရမှု ကုန်ကျစရိတ်၏(၃)ဆကို အခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရရှိ နိုင်ခြင်းတို့ကြောင့် ယုံကြည်မှု များတိုးမြင့်လာစေခဲ့ပါသည်။အစိုးရအနေဖြင့် အစီအမံများ၊ အထူး သဖြင့် အထူးချေးငွေ (Soft loan) များခွင့်ပြုမှု နှင့် အကောင်အထည်ဖေါ်မှုတို့ကို အမြန်ဆုံး‌ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း Mr. Chairat ကပြောကြားခဲ့ပါသည်။

ထိုင်းဟိုတယ်အစည်းအရုံးဉက္ကဌ Sypawan Tanomkieatipume က အကူအညီ အထောက်အပံ့ပေးသည့်အစီအမံများ ပြုလုပ်နေသော်လည်း ဟိုတယ်နှင့် ဆက်စပ်လုပ်ငန်းများ အနေဖြင့် နိုင်ငံတကာမှခရီးသွားများ၏ အမှာစာများလျှော့နည်းမှုများကြောင့် ဘဏ္ဍာရေး ယိုယွင်းပျက်ပြားမှုများနှင့် ဟိုတယ်ပိတ်ရမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း လက်ရှိ ကုစားမှု အစီအမံများသည် မလုံလောက်သေးကြောင်း ပြောကြား ခဲ့ပါသည်။

ထို့အပြင်ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် အစိုးရ၏ ရောဂါကူးစက်မှုအပေါ် ကာကွယ်ရန် သီးသန့်ခွဲခြားစောင့်ကြည့်မှုအဖြစ်ထားရှိသည့် ရှင်းလင်းပြတ်သားမှု မရှိသည့် Quarantine မူဝါဒ အပေါ် တွေ့ဆုံဆွေးနွေး ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အစိုးရတွင် အကျပ်အတည်း ကာလအတွက် စီမံခန့်ခွဲပေးရန် တစ်ဉီးမှ မရှိခြင်းကြောင့် တစ်ပြေးညီရှင်းလင်းပြတ်သားသည့်သတင်းမထုတ် ပြန်နိုင်ကြောင်း၊ နေ့အလိုက် ပြောင်းလဲနေကြောင်း Ms.Supawan က ပြောကြားခဲ့ပါသည်။ အစိုးရ၏ စောင့်ကြည့်စာရင်းတွင်ပါဝင်သော များအား ညွှန်ပြသောအခါ ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ထိုနိုင်ငံများမှ ဧည့်သည်များအားမည်သို့ဆက်ဆံရမည်ကို ရှင်းလင်းသော လုပ်ထုံး လုပ်နည်းများမရှိသေးကြောင်း သူမက ပြောကြားခဲ့ပါသည်။

ဝန်ဆောင်မှုလုပ်ငန်းတစ်ခု အနေဖြင့် မိမိတို့သည် လေကြောင်းလိုင်းများနှင့်မတူညီဘဲ ဖောက်သည်များကိုငြင်းဆန်ရန်မဖြစ်နိုင်ကြောင်း၊ ထိုင်းနိုင်ငံ၏ မြို့ပြလေ ကြောင်းအာဏာပိုင်အဖွဲ့သည် အန္တရာယ်ကျရောက်နိုင်သည့်နိုင်ငံများမှ ခရီးသည်များကို ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်မရှိပါက ငြင်းပယ်ရန် ထောက်ခံ ခဲ့ပါသည်။ ဟိုတယ်လုပ်ငန်းရှင်များ အာလုံးအနေဖြင့် မူရင်းနိုင်ငံများမှ စိတ်ချရသော စစ်ဆေးချက်များကို လိုခြင်ကြပါသည်။

ဟိုတယ်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ကြိုတင်ကာကွယ်မှုဆိုင်ရာ အကြံပြုချက်များကိုလိုက်နာလိုပါသော်လည်း၎င်းတို့တွင်ခန္ဓာကိုယ် အပူချိန် တိုင်းသာမိုမီတာများ၊ အယ်ကိုဟော အခြေခံလက်သန့်စင်ဆေးများ လုံလောက်စွာထားရှိရန် မတတ်နိုင်ကြောင်း Ms. Supawanကပြောကြားခဲ့ပါသည်။

ထိုင်းဟိုတယ်လုပ်ငန်းရှင်များအသင်းအကြံပေး Surapong Techaruvichit က ဈေးကွက်တစ်ခုတည်းအပေါ်မှီခိုနေသော ဟိုတယ်များအနေဖြင့် ပိတ်ရခါနီးနီး အခြေအနေတွင်ရှိနေကြောင်းပြောကြားခဲ့ပါသည်။ ဗန်ကောက်ရှိ သုဝဏ္ဏဘုမိလေဆိပ်အနီးရှိ ဘတ်ဂျက် နည်းပါးသော ခရီးသွားများကို ပစ်မှတ်ထားကြသည့်  ဟိုတယ် (၁,၀၀၀)ခန့်မှာ အမြင့်ဆုံးအန္တရာယ်နှင့်ရင်ဆိုင်နေခဲ့ရပါသည်။ ၎င်းဟိုတယ်များအနေဖြင့် ဆိုက်ရောက်ပြီးနောက် တစ်ည၊ နှစ်ညတည်းခိုခြင်း (သို့မဟုတ်) မထွက်ခွာမှီ တည်းခိုရန်သာလိုအပ်သောဧည့်သည်များအတွက်ဖြစ်ပါသည်။ ထိုကဲ့သို့သောဟိုတယ်များမှာ အသေးစားနှင့် အလတ်စားများဖြစ်ကြပြီး အခန်း (၁၀၀) ဝန်းကျင်ခန့်ရှိနေပါသည်။ ၎င်းတို့တွင် ပျှမ်းမျှနေထိုင်မှုမှာ (၁၀-၂၀%) ကျဆင်းသွားခဲ့ပါသည်။

စီမံခန့်ခွဲမှုအနေဖြင့်အစပထမပိုင်းတွင်အလုပ်ချိန်နည်းပါးမှုကြောင့် လုပ်အားခ ဖြတ်တောက်မှုအတွက် အလုပ်သမားများနှင့် စေ့စပ်ဆွေးနွေးလိမ့်မည်ဖြစ်သော်လည်း နောက်ဆုံး တွင်အလုပ်မှ အနားပေးခြင်းတို့ဖြစ်ပေါ်လာနိုင်ကြောင်း Mr. Surapong ကပြောကြားခဲ့ပါသည်။

အဆိုပါ အစီအစဉ်များသည် လုပ်ငန်းရှင်များကို (၃)လမှ(၆)လအထိရေတိုအတွက် အကူအညီဖြစ်စေလိမ့်မည်ဖြစ်သော်လည်း အရေးကြီးဆုံးအချက်မှာ ခရီးသွား လုပ်ငန်းအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကိုထိန်းသိမ်းရန်နှင့်ရောဂါဖြစ်ပွားမှုပြီးစီးပါက ခရီးသွားများပြန်လာရေး အတွက် ဆွဲဆောင်ရန်ဖြစ်သည်ဟု ထိုင်းခရီးသွား အေဂျင်စီအသင်းဉက္ကဌ Vichit Prakobgosolက ပြောကြား ခဲ့ပါသည်။ ၎င်းက သူ့အနေဖြင့် ခရီးသွားများဆိုက်ရောက်မှု အနေဖြင့် သန်း(၃၀) အထိ ကျဆင်း သွားမည်ဆိုပါကခရီးသွားလုပ်ငန်းပိုင်ရှင်များကလုပ်ငန်းများပိတ်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှိ ဝန်ထမ်းအလုပ်သမား(၃၀%) ခန့် အလုပ်ပြုတ်သွားနိုင်သည်ဟု ခန့်မှန်း ထားကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                     

Category: Thailand