Thailand

ထိုင်းနိုင်ငံအတွင်း လအတန်ကြာဆန်ဈေးမြင့်တက်နိုင်

Last Updated:

စားသုံးသူများအတွက်အဆိုးဝါးဆုံးအခြေအနေမှာ ယခုနှစ်အစောပိုင်းမှစ၍ မိုးခေါင်မှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် နှင့်ဆန်ဝယ် လိုအားမြင့်တက်လာမှုများကြောင့် ပြည်တွင်းဆန်ဈေးနှုန်းမှာ (၂၀%-၃၀%) အထိ မြင့်တက် လာခဲ့ပြီးသည့်နောက် ထုတ်ပိုးပြီးဆန် (Packaged rice) ဈေးနှုန်းများ ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း ဆန်ထုတ်ပိုးရောင်းချသူများက သတိပေးလျှက်ရှိပါသည်။

ထိုင်းဆန်စပါးထုတ်လုပ်သူများအသင်းဂုဏ်ထူးဆောင်ဉက္ကဌ Somkiat Makayatorn က ထုတ်ပိုးဆန််Packaged rice ထုတ်လုပ်မှုတွင် ကုန်ကြမ်းအဖြစ် အသုံး ပြုသောကြိတ်ခွဲဆန် Milled rice ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၁၂.၅၀) ဘတ်မှ (၁၅) ဘတ်သို့ တိုးမြင့်သွားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကြိတ်ခွဲဆန် ဈေးနှုန်းများမှာ ဩဂုတ် (သို့မဟုတ်) စက်တင်ဘာလအထိ ဆက်လက်မြင့်တက်မည်ဟုမျှော်လင့်ရကြောင်း Mr. Somkiat ကပြောကြားခဲ့ပါသည်။ ၎င်းက နှစ်ပေါင်း (၄၀) အတွင်း အဆိုးဝါးဆုံးမိုးခေါင်မှုကြောင့် ယခုနှစ်အတွက် ကြိတ်ခွဲမှုဆန်တန်ချိန် (၁.၅-၂) သန်းအထိ လျှော့နည်းကျဆင်းသွားကြောင်း တောင်သူများက သတင်းပို့ခဲ့ကြပါသည်။

Mr. Somkiatက ယခင်နှစ်မှစ၍ ပြည်တွင်း ထုတ်ပိုးဆန်ဈေးနှုန်းများအနေဖြင့် ဆန်ဖြူ (White rice) (၅) ကီလိုဂရမ်တစ်အိတ်လျှင် (၇၀-၁၂၀) ဘတ်နှင့် ဟုမ်းမလိဆန် (၅) ကီလိုဂရမ် တစ်အိတ်လျှင် (၁၆၀-၂၅၀) ဘတ်ဈေးနှုန်းများရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ထုတ်ပိုးဆန်ကိုသိုလှောင်ကြသည့် စားသုံးသူများနှင့်ပတ်သက်၍ ၎င်းက ထိုင်းနိုင်ငံအနေဖြင့် မည်သည့်အခါမျှ ဆန်ရှားပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်မ ဟုတ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။ Mr. Somkiat က စတိုးဆိုင်များ၏ စင်များ လွတ်နေမှု နှင့်ပတ်သက်၍ ဖြန့်ဖြူးရေးစင်တာများမှ ထောက်ပံ့မှု အမြောက်အများကို ချန်လှပ်ထားခဲ့မှုအပေါ် အပြစ်တင်ခဲ့ပါသည်။

၎င်းက ယခုအခါတွင် ကာလတိုအားဖြင့် ဝယ်လိုအားမြင့်တက်နေသော်လည်း နိုင်ငံခြားခရီးသွားများ ထိုင်းနိုင်ငံမှထွက်ခွာနေခြင်းကြောင့် ယခုနှစ်အတွက် ပြည်တွင်း စားသုံးမှုကျဆင်းမည်ဟုမျှော်မှန်းကြောင်းပြောကြားခဲ့ပါသည်။ ယခင်နှစ်က ပြည်တွင်း စားသုံးမှုမှာ စုစုပေါင်းဆန် တန်ချိန် (၇.၅) သန်းရှိခဲ့ပြီး ယခင်နှစ်ကထက် (၈%) မြင့်တက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ထုတ်ပိုးထားသောဆန်ဈေးကွက်မှာ ဘတ်ငွေ (၃၀) ဘီလီယံတန်ဖိုးရှိခဲ့ပြီး (၈-၉%) တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် ဈေးနှုန်း မြင်မားခြင်းကြောင့် ဈေးကွက်အနေဖြင့် သိသိသာသာ မြင့်တက်မည်ဟု မျှော်လင့်ရပါသည်။

ထိုင်းပြည်ပဆန်တင်ပို့သူများအသင်း ဂုဏ်ထူးဆောင်ဉက္ကဌ Chookiat Ophaswongse က နိုင်ငံခြားမှ အဝယ်အမှာစာ အများအပြားရှိနေကြောင်း၊ အထူးသဖြင့် ဟောင်ကောင်၊ စင်္ကာပူ၊ အမေရိကန်၊ ကနေဒါတို့မှ ဟုမ်းမလိဆန်ကဲ့သို့ Premium ဆန်များဖြစ်ကြောင်း၊ ကပ်ရောဂါ ကြောင့်စိုးရိမ်စိတ်များနှင့်အတူ ကမ္ဘာအနှံ့မှ စားသုံးသူများအနေဖြင့် ဆန်များကို အလျှင်အမြန် ဝယ်ယူရန်အမှာစာများ ရောက်ရှိနေကြောင်းပြောကြားခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများအနေဖြင့် ၎င်းတို့၏ဆန် သိုလှောင်ထားမှုများကိုဖြည့်တင်း ကြခြင်းအားဖြင့် ယခုနှစ်နှစ်လယ်အထိ ဆန်ဈေးနှုန်းမြင့်တက်မည်ဟု မျှော်လင့်ရကြောင်း၊ ကိုရိုနာကိုရိုနာ ကပ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုအပေါ် မြှင့်တင် ရန်မှာ မဖြစ်နိုင်ကြောင်း Mr. Chookiat က ပြောကြားခဲ့ပါသည်။

 (၅%)ဆန်ဖြူ( 5% white rice)၏ သင်္ဘောပေါ်အရောက်တင်ပေးရမည့်ဆန်တစ်တန်၏ ရောင်းဈေးနှုန်း Free on Board (FOB ဈေးနှုန်း) မှာ ယခုနှစ်အစရှိဈေးနှုန်း အမေရိကန် ဒေါ်လာ(၄၀၀)မှအမေရိကန်ဒေါ်လာ(၄၈၀)အထိတိုးမြင့်ခဲ့ပါသည်။ ထိုင်းနိုင်ငံ အနေဖြင့် ၂၀၂၀ ခုနှစ် အတွက် ပြည်ပသို့ဆန်တန်ချိန် (၇.၅) သန်း တင်ပို့နိုင်ရန်ခန့်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                      

Category: Thailand