Japan

တိုကျိုစတော့စျေးကွက်တွင် ရှယ်ယာစျေးများထိုးကျခဲ့ပြီး ကုန်ထုတ်လုပ်ငန်းကြီးများသည် နိုင်ငံ၏ စီးပွားရေးအပေါ် ယုံကြည်မှု ကျဆင်းနေကြောင်းသိရ

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇွန်လနောက်ဆုံးအပတ်မှအစပြု၍ ဂျပန်နိုင်ငံ၏ မြို့တော်တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာသည့်အတွက် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာကာ တိုကျိုစတော့ရှယ်ယာ စျေးကွက်တွင် ရှယ်ယာစျေးများ ရုတ်တရက် ထိုးကျခဲ့ကြောင်း သိရပါသည်။ 

နစ်ကေးပျမ်းမျှအညွှန်းကိန်းသည် ဇွန်လ ၃၀ ရက်နေ့စျေးပိတ်ချိန်တွင် ယခင်အပတ်က ထက် ၅၁၇ မှတ် ကျဆင်းသွားခဲ့ပြီး ၂၁၉၉၅ မှတ်သာရှိခဲ့ပြီး သီတင်းပတ်အကြာ ရပ်နားထားခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဇွန်လဒုတိယအပတ်တွင် အပြည့်အဝ ပြန်လည်စတင်ခွင့်ပြုခဲ့သော် လည်း စီးပွားရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ထပ်မံထိခိုက်မှုများအပေါ် ကြိုတင် စိုးရိမ်ပူပန်နေကြသည့်အတွက် ယခုကဲ့သို့ ရှယ်ယာစျေးများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ 

ဂျပန်ဗဟိုဘဏ်က ၃ လတစ်ကြိမ် ကောက်ယူသည့် တန်းကန်းစစ်တမ်းတွင်လည်း ကုန်ထုတ်လုပ်ငန်းကြီးများ၏ စီးပွားရေးလုပ်ဆောင်မှုအပေါ်  ရှုမြင်ခံစားမှုသည် ဧပြီမှ ဇွန်လအထိ ၃ လပတ်တွင် ယခင် ၃ လပတ် စစ်တမ်း၏ အညွှန်းကိန်း အနှုတ် ၈ မှတ်ရှိရာမှ အနှုတ် ၃၄ မှတ် အထိ ကျဆင်းသွားခဲ့ပါသည်။

ဂျပန်နိုင်ငံအတွင်း အရေးပေါ်အခြေအနေကြေငြာခဲ့သည့် ဧပြီလနှင့်မေလ၌ ပို့ကုန်နှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆိုးရွားစွာကျဆင်းခဲ့သည့်အတွက် ယခုကဲ့သို့ အညွှန်းကိန်းကျဆင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် လက်လီအရောင်းလုပ်ငန်းများ၏ စီးပွားရေး လုပ်ဆောင်မှုအပေါ် ခံစားမှုသည် အနှုတ် ၁၇ မှတ်သို့ ကျဆင်းခဲ့ကြောင်း သိရပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan