China(Nanning)

တရုတ်-အာဆီယံကုန်သွယ်မှုဖွံ့ဖြိုးလာမှုမှ အကျိုးဖြစ်ထွန်းလာသည့် သစ်သီးဝလံများ

Last Updated:

၂၀၂၀ ခုနှစ်၊ ပထမ (၇) လအတွင်း တရုတ်နိုင်ငံ၏ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်ရေးမှာ ယွမ်ငွေ (၂.၅၁) ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၆၂ ဘီလီယံ)ရှိလာကာ (၆.၆) ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး၊ တရုတ်ဈေးကွက်၌ အခွင့်အလမ်းများကို သစ်သီးဝလံတင်ပို့သူ များက ရှာဖွေလာကြပါသည်။

အာဆီယံနိုင်ငံများအနက် ဗီယက်နမ်က တရုတ်၏ အကြီးဆုံးကုန်သွယ်မှုမိတ် ဖက်နိုင်ငံဖြစ်ကာ ၎င်းနှင့် ကုန်သွယ်မှုပမာဏ (၁၈.၁) ရာခိုင်နှုန်းတိုးတက်လာပါသည်။  ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် ကုန်သွယ်မှုအပေါ် Covid-19 ကပ်ရောဂါ၏ ဆိုးကျိုး သက် ရောက်မှုများကို လျှော့ချရန် အတူတကွဆောင်ရွက်ခဲ့ကြပါသည်။

Covid-19 ဖြစ်ပွားစဉ်ကာလအတွင်းသော်မှ အာဆီယံသစ်သီးဝလံများအား ဝယ်ယူရန် တရုတ်နိုင်ငံ၏ စိတ်ပါဝင်စားမှုမှာ လျော့နည်း သွားခြင်းမရှိပါ။  အာဆီယံနိုင်ငံ များမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုမှာ ဆက်လက်တိုးတက်နေဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ပထမနှစ် ဝက်အတွင်း အမေရိကန်ဒေါ်လာ (၁) ဘီလီယံတန်ဖိုးရှိ ထိုင်းဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရကာ၊ (၁၄၀) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနက ယခုနှစ် အတွင်း တရုတ်နိုင်ငံသို့ ဒူးရင်းသီးတိုးမြှင့်တင်ပို့ရန် တက် ကြွစွာဆောင်ရွက်ခဲ့ပြီး၊ ကပ်ရောဂါ ကာလအတွင်း တရုတ် e-commerce platform များမှတဆင့် စားသုံးသူများထံသို့ ရောက်ရှိ စေရန် ယှဉ်တွဲဆောင်ရွက်ခဲ့သည်ကို တွေ့ရပါသည်။

မလေးရှားနိုင်ငံမှာ တရုတ်နိုင်ငံက ဒူးရင်းသီးတင်သွင်းရန်အတွက် မျက်စိကျနေသည့် နောက်ထပ်နိုင်ငံဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ အတွင်း တရုတ်ဈေးကွက်သို့ အလုံးလိုက်အေးခဲထားသော ဒူးရင်းသီးများ တင်သွင်းခွင့်ပြုထားပါသည်။ ၎င်းနိုင်ငံသည် လတ်ဆတ် ဒူးရင်းသီးများကို တရုတ်သို့ အလုံးလိုက်တင်ပို့ခွင့်ရစေရေးအတွက် မျှော်လင့်နေပြီး တရုတ်ဘက်မှ အပြုသဘောဆောင်သည့် ကနဉီးတုန့်ပြန်မှုများ ရရှိထားကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ http://www.fruitnet.com (၂၈-၈-၂၀၂၀)

Category: China(Nanning)