China(Nanning)

တရုတ်သို့ ဆိုက်ရောက်လာသည့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများအတွက် နေရာအစီအမံများပြင်ဆင်မှုပြုလုပ်ခဲ့

Last Updated:

တရုတ်နိုင်ငံသို့ပျံသန်းလာသည့် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေကြောင်းလိုင်းများအတွက် ဇွန်လ (၈) ရက်နေ့မှစတင်၍ ချန်ဒူး၊ ကျန်းရှ၊ ဟာဖေနှင့် လန်ကျိုးတို့၏ မြို့တော် များအား ပထမဆုံးဝင်ရောက်နိုင်သည့် နေရာအသစ်များအဖြစ် ထပ်မံထည့်သွင်းလိုက်ကြောင်း တရုတ်မြို့ပြလေကြောင်းလိုင်းစီမံခန့်ခွဲရေးက အွန်လိုင်းပေါ်မှ ထုတ်ပြန်ကြေငြာခဲ့ပါ သည်။

ပြင်ဆင်ချက်အရ တီရန်ကျန်း၊ ရှီကျားကျွမ်း၊ ထိုင်ယွမ်၊ ဟူးဟော့၊ ကျီနန်၊ ချင်းတောင်၊ နန်ကျင်း၊ ရှန်းရန်၊ တလျန်၊ ကျန်းကျိုးနှင့် ရှီအန်းတို့အပါအဝင် စုစုပေါင်းမြို့တော် (၁၆) မြို့တို့ မှာ တရုတ်သို့ ဝင်ရောက်နိုင်သည့် ပထမဆုံးနေရာများဖြစ်လာကြပါသည်။ သို့ရာတွင် ရှန်ဟိုင်းအား ပထမဆုံးဝင်ရောက်နိုင်သည့်နေရာအဖြစ် သတ်မှတ်ထားရာမှ ဖြုတ်ချလိုက်ပြီး၊ ဝူဟန်မြို့အား ထည့်သွင်းလိုက်ပါသည်။

တရုတ်နိုင်ငံသည် မတ်လအတွင်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများအား တရုတ်၏ မြို့တော် (၁၂) မြို့သို့ဆင်းသက်ရန် ညွှန်ကြားလျက် လေကြောင်းလိုင်းများကို စတင်ပြေး ဆွဲခဲ့ပြီး၊ လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များက လေယာဉ်မစီးနင်းမီ တရုတ်နိုင်ငံမှ လိုအပ်သော ကျန်းမာရေးအထောက်အထားများကို တင်ပြရန်လိုအပ်ကြကာ၊ တရုတ်သို့ ရောက်ရှိချိန်တွင်  အကောက်ခွန်ရှင်းလင်းခြင်းနှင့် သီးခြားနေထိုင်ခြင်း စသည့်လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊  ဆင်ဟွာ (၂၀၂၀ ဇွန်လ ၉  ရက်)

Category: China(Nanning)