China (HongKong)

တရုတ်ပြည်မကြီး၌ အသွားအလာကန့်သတ်မှုများ အဆုံးသတ်ပြီးနောက်ပိုင်း ထုတ်လုပ်မှု နှင့် လုပ်ငန်းများ ပြန်လည်တိုးတက်လာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသွားအလာများကန့်သတ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်း များ ရပ်ဆိုင်းထားခဲ့ရပြီး ရောဂါကူးစက်မှုလျော့နည်းသွားသည့် မတ်လတွင် ထုတ်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်လာပြီး တိုးတက်မှုများ ရှိလာကြောင်း၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း ဖေဖေါ်ဝါရီလနှင့် နှိုင်းယှဉ်လျှင် တိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် စီးပွားရေး လုပ်ငန်းများကို ပထမဆုံးပိတ်လိုက်ရသည့် နိုင်ငံဖြစ် ကြောင်း၊ စီးပွားရေးအခြေအနေမှာ V-shaped ပုံစံဖြင့်ပြန်လည် တိုးတက်လာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းစောင့်ကြည့်နေကြောင်း၊ တရုတ်နိုင်ငံသည် ပထမလေးလပတ်တွင် ကုန်ပစ္စည်းဖြည့်ဆည်းပေးနိုင်မှု လျော့ကျပြီးနောက် ယခုအခါ ကမ္ဘာအနှံ့ တွင် ရောဂါဖြစ်ပွားနေမှုကြောင့် ဒေသများပိတ်ထားခြင်း၊ ခရီးသွားလာမှုများ ကန့်သတ်တားမြစ်ထားမှုများကြောင့် ဝယ်လိုအားပိုင်းတွင်အားနည်းနေသည်ကိုတွေ့ရှိရကြောင်း၊ ယခုအခါ စက်ရုံများပြန်လည်ဖွင့်ပြီး လုပ်ငန်းများ လည်ပတ်နေပြီ ဖြစ်သော် လည်း နိုင်ငံတကာမှ ဝယ်ယူမည့်သူများ မရှိသောကြောင့် ပို့ကုန်အမှာစာများ ရရှိမှုနည်းပါးနေကြောင်း၊ ပြည်တွင်းမှ ဝယ်လိုအားမှာလည်း နည်းပါးလျှက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၂) လအတွင်း ပြည်သူများ အနေဖြင့် ငွေကြေးသုံးစွဲနိုင်မှုမရှိခြင်း၊ ပွဲများတက်ရောက်နိုင်မှုမရှိခြင်း၊ ဈေးဝယ်သွားရောက်နိုင်မှု မရှိခြင်းနှင့် ရုပ်ရှင်ရုံများသို့ သွားရောက်ကြည့်ရှုမှုမရှိခြင်း အစရှိသည်တို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကူးစက်မှုများ ရပ်တန့်သွားသောကြောင့် မတ်လတွင် အချို့သောရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ခဲ့သော်လည်း တရုတ်ပြည်မကြီးသို့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကြောင့် ကူးစက်မှုပြန်လည်ဖြစ်ပွားလာသဖြင့် ရုပ်ရှင်ရုံများအား ပြန်လည်ပိတ်ထားခဲ့ရကြောင်း၊ အရောင်းစင်တာ များတွင် ဈေးဝယ်သူများ လာရောက်ခြင်းမရှိကြောင်း၊ အလုပ်လက်မဲ့များ ဖြစ်ပွားမှုကြောင့် စားသုံးမှုလည်း လျော့ကျသွားခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်ရုံအစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများ ထက်ထုတ်လုပ်မှုလုပ်ငန်းရှင်များမှာ ယုံကြည်စိတ်ချမှုများရှိကြောင်း၊ လွန်ခဲ့သော (၂)ပတ်အတွင်း အလုပ်လက်မဲ့နှုန်းမှာ (၅.၂) ရာခိုင်နှုန်းမှ (၆.၂) ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား များမပါဝင်ဘဲ ပုံမှန်အလုပ်သမားဝန်ထမ်း (၅) သန်းခန့်မှာ အလုပ်အကိုင်ဆုံးရှုံးမှုများ ဖြစ်ပေါ် လျှက်ရှိပြီး အလုပ်လက်မဲ့နှုန်း မြင့်မားလျှက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌  “Coronavirus: China manufacturing economy bounces back strongly after lockdown” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)