China (HongKong)

တရုတ်ပြည်မကြီးရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (၇၂) ရာခိုင်နှုန်းမှာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျှက်ရှိပြီး ဒစ်ဂျစ်တယ်လ်စနစ်ဖြင့် ဆောင်ရွက်ရန် တွန်းအားပေးလျှက်ရှိခြင်း

Last Updated:

တရုတ်ပြည်မကြီးရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) မှာ နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်ရန် အစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် မတ်လမှ စတင်၍ လျှင်မြန်သည့်နှုန်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စက်မှုနှင့်သတင်းအချက်အလက်ဝန်ကြီးဌာန (Ministry of Industry and Information Technology- MIIT) က ပြောကြားကြောင်း၊ SMEs လုပ်ငန်းများမှ (၇၁.၇) ရာခိုင်နှုန်းမှာ cloud-based platform ဖြင့် ထုတ်လုပ်မှုဆောင်ရွက်ရာ (၂၉.၆) ရာခိုင်နှုန်းရှိကြောင်း၊ ထုလုပ်မှုများတွင် ပူးပေါင်းဆောင်ရွက် ရန်နှင့် ဆုံးရှုံးနိုင်ခြေရှိသော စွန့်စားမှုများအား ကာကွယ်ရန်၊ တန်ဖိုးကွင်းဆက်ထုတ်မှုများ လုံခြုံစိတ်ချစေရန်နှင့် အလားအလာရှိသော အဓိကလုပ်ငန်းများအား ထိခိုက်မှုမရှိစေအောင် Industrial internet Platforms မှလည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် ကူညီပံ့ပိုးလျှက်ရှိကြောင်း၊ အချို့လုပ်ငန်းများမှာ cloud-based platform အား အွန်လိုင်းမှ အဝေးထိန်းစနစ်ဖြင့် အလုပ်လုပ်ခြင်း၊ အွန်လိုင်းမှ သင်တန်းများပို့ချခြင်း၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် e-commerce လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ လုပ်ကိုင်လျှက်ရှိကြောင်း၊ အလုပ်သမားအများအပြား လုပ်ကိုင်လျှက်ရှိသည့် တရုတ်ပြည်မကြီးရှိ   အသေးစားစက်ရုံနှင့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် လုပ်ငန်းများ ပုံမှန်ပြန်လည် လုပ်ကိုင် ရန်မှာ စီးပွားရေးလုပ်ငန်းကြီးများထက် ပိုမိုခက်ခဲလျှက်ရှိကြောင်း၊ အသေးစားလုပ်ငန်းများမှာ အလုပ်သမားများအတွက် Mask အလုံအလောက်မရှိသောကြောင့် ဗိုင်းရပ်စ်ကာကွယ်နိုင်ရန် ပြည်နယ်အစိုးရမှ ချမှတ်ထားမှုအား အပြည့်အဝလိုက်နာနိုင်မှုမရှိသည်ကို တွေ့ရကြောင်း၊ SMEs လုပ်ငန်းများ လုပ်ငန်းများ မြန်မြန် လည်ပတ်နိုင်အောင် အဝေးထိန်းစနစ်ဖြင့် လုပ်ငန်းများ လုပ်ကိုင်ရန်၊ ထုတ်လုပ်မှုလုပ်ငန်းများသာမက ဝန်ဆောင်မှုလုပ်ငန်းများ၌ပါ cloud-based platform အသုံးပြုရန် MIIT မှ  SMEs လုပ်ငန်းများအား တိုက်တွန်းပြောကြားခဲ့ကြောင်း၊ SMEs လုပ်ငန်းများအတွက် နည်းပညာပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှု အတွက် အစိုးရမှ ချမှတ်ထားသည့် မူဝါဒ များအား သင်ယူနိုင်ရန် သင်တန်း (၃၇၀) ကျော်အား အွန်လိုင်းမှ ပို့ချရန် ရှိကြောင်း၊ အဆိုပါ သင်တန်းများအား ဝင်ရောက် ကြည့်ရှုသည့် အကြိမ်‌ပေါင်း (၈) မီလီယံ ကျော်ရှိကြောင်း၊ တရုတ် နိုင်ငံတွင် အွန်လိုင်းမှ သင်တန်းများပို့ချခြင်းနှင့် အဝေးထိန်းစနစ်ဖြင့် အလုပ်လုပ်ခြင်းမှာ လွန်ခဲ့ သော နှစ်အနည်းအတွင်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ စတုတ္ထလေးလပတ်တွင် (၆၆.၉) ရာခိုင်နှုန်းရှိကြောင်း၊ Allibaba Group Holdings မှ Allibaba cloud  ဖြင့် လုပ်ငန်း ဆောင်ရွက်မှု (၄၆.၆) ရာခိုင်နှုန်းနှင့် Tencent Cloud မှ (၁၈ ) ရာခိုင်နှုန်းနှင့် Baidu’s AI cloud မှ (၈.၈) ရာခိုင်နှုန်းရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ဝေသော South China Morning Post  သတင်းစာတွင် “Almost 72 per cent of Chinese SMEs have resumed work amid push to digitize  businesses, ministry says” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည့် သတင်းအားတင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)