China (HongKong)

တရုတ်ပြည်မကြီးကုမ္ပဏီ ၄၆၀,၀၀၀ ကျော် ပိတ်သိမ်းလိုက်ရခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးဒုတိယအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏ ကုမ္ပဏီ ၄၆၀,၀၀၀ ကျော်အား ပိတ်သိမ်းလိုက်ရကြောင်း၊ အဆိုပါ ပိတ်သိမ်းလိုက်သည့် ကုမ္ပဏီများထဲမှ ကုမ္ပဏီတစ်ဝက်ကျော်၏ လုပ်ငန်းဆောင်ရွက်မှုကာလမှာ (၃) နှစ် မရှိသေးကြောင်း၊ ပိတ်သိမ်းလိုက်သည့် ကုမ္ပဏီများတွင် ပို့ကုန်ကဏ္ဍမှ (၂၆,၀၀၀) ကုမ္ပဏီ ပါဝင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ကုမ္ပဏီအသစ်များ ထူထောင်ခဲ့ရာ တန်ဖိုးအားဖြင့် ၃.၂ မီလီယံ ရှိပြီး ယခင်နှစ်များထက် (၂၉) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ကုမ္ပဏီ အသစ်အများစုမှာ ကွမ်တုံးပြည်နယ်တွင်ရှိပြီး ကုန်ပစ္စည်းဖြန့်ဖြူးသည့် ဝန်ဆောင်မှု ကုမ္ပဏီနှင့် လက်လီရောင်းချသည့် ကုမ္ပဏီများဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများ၌ COVID-19 ဖြစ်ပွားမှုကြောင့် ပို့ကုန်ကုမ္ပဏီများတွင် မတ်လအတွင်း ပြည်ပမှ ကုန်ပစ္စည်းမှာယူမှုများ ရပ်တန့်သွားသဖြင့် ဝန်ထမ်းအချို့အား လစာပေးချေနိုင်ခြင်းမရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ တွင် (၂၁၆၀) ကုမ္ပဏီနှင့် ဖေဖေါ်ဝါရီလနှင့် မတ်လတွင် (၁၇၇၀) ကုမ္ပဏီတို့ ဒေဝါလီခံသွားကြကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Sidney Leng က   “ Over 460,000 mainland companies fold” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)