China(Beijing)

တရုတ်နိုင်ငံ၏ ပြည်တွင်းလက်လီရောင်းချရမှုသည် ယခင်နှစ်များထက် ကျော်လွန် တိုးတက်လာပြီ ဖြစ်ခြင်း

Last Updated:

COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း၌ နိုင်ငံ၏ အဓိကစီးပွားရေး အညွှန်းကိန်းများ ဆက်လက်တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါအချက်အလက်များအရ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် လက်လီရောင်းချမှုများသည် ဆက်တိုက်မြင့်တက်လျက်ရှိပြီး ပြည်တွင်းလက်လီရောင်းချရမှုသည် နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားသည့်အချိန်မှ ပြီးခဲ့သည့် (၅)လ တာကာလအတွင်း၌ ဆက်တိုက် ပြန်လည် ကောင်းမွန်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း၌ ပြည်တွင်းလက်လီရောင်းချရမှုသည် ယခင်နှစ်များထက် ပိုမိုတိုးတက် ကောင်းမွန်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိ ရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း၌ ပြည်တွင်းလက်လီ ရောင်းချရမှု အမေရိကန်ဒေါ်လာ (၄၉၀) ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် (၀.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စက်မှု လုပ်ငန်းများမှ ထွက်ရှိမှုသည် ပြီးခဲ့သည့်နှစ် ကာလတူထက် (၅.၆) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ မြို့ပြ၌ မရွေ့မပြောင်းနိုင်သည့်ပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်၊ ပထမ (၈) လတာကာလ အတွင်း၌ ပြီးခဲ့သည့်နှစ်ကာလတူထက် (၀.၃) ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည့်အတွက် ဖွံ့ဖြိုးမှုသည် တိုးတက်လာပြီ ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

https://www.globaltimes.cn/content/1200976.shtml

 

Category: China(Beijing)