Thailand

စီးပွားရေးအခြေအနေစီမံခန့်ခွဲရေးစင်တာကစီမံကိန်းများအားအချိန်မီပြီးစီးစေရေးအရှိန် မြှင့်တင်ဆောင်ရွက်ကြရန်အမိန့်ထုတ်ပြန်

Last Updated:

စီးပွားရေးအခြေအနေ စီမံခန့်ခွဲရေးစင်တာမှ အလယ်အလတ်ကာလ စီမံကိန်းနှင့် နှစ်ရှည်စီးပွားရေးကိုမြှင့်တင်သွားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိဌာနများ အား ဘတ်ငွေ (၁.၂၂) ထရီလီယံတန်ဖိုးရှိ အခြေခံအဆောက်အဉီ စီမံကိန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် အမိန့်ထုတ်ပြန်ခဲ့ ကြောင်း သိရှိရပါသည်။

အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က စင်တာအနေဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်တွင် ဘတ်ငွေ (၉၃၅) ဘီလီယံနှင့် (၂၈၇) ဘီလီယံတန်ဖိုးရှိ အစိုးရနှင့် အစိုးရဌာနများ၏ စီမံကိန်းများ၏ အခြေခံအဆောက်အဉီစီမံကိန်းများအား အရှိန်မြှင့်တင်ဆောင် ရွက်သွားရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပါသည်။ အဆိုပြုချက်အား ဝန်ကြီးချုပ်၏အကြံပေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်းဖြစ်သူ Palin Chuchotthaworn ဉက္ကဌအဖြစ် ဆောင်ရွက်သော ဆပ်ကော်မတီက အလယ်အလတ်နှင့် ရေရှည် စီးပွားရေးတိုးတက်စေရေးအတွက် အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပြုထားသော အခြေခံအဆောက်အဉီစီမံကိန်းများတွင် အနီရောင်လိုင်း The Red Line (Bang Sue-Rangsit; Bang Sue- Taling Chan အပိုင်း)၊ အညိုရောင် လိုင်းတိုးချဲ့အပိုင်း the Extension of the Brown Line (Khae Rai မှ Yaek Lam Sali အထိ)၊ ပန်းရောင်လိုင်း The Purple( Tao Poon မှ Rat Burana အထိ)၊ နှစ်ထပ်မီးရထားလိုင်း၏ ဒုတိယအဆင့် (တရုတ်- ထိုင်း မြန်နှုန်းမြင့်ရထားလမ်း)၊ ဖူးခက်၊ ချင်းမိုင်နှင့် နခွန်းလချာစီမာ့နှင့် Hat Yai’s Monorail ပိုင်းတို့ပါဝင်သော ပြည်နယ်Mass Transit စီမံကိန်းများတို့ဖြစ်ကြပါသည်။

အခြားသော စီမံကိန်းများမှာ အထူးအမြန်လမ်းမကြီးနှင့်ကားလမ်းများဖြစ်ကြပြီး တတိယအဆင့် အမြန်လမ်းမကြီးဖြစ်သည့် Kathu-Patong အမြန်လမ်းကြောင်း၊ ဗန်ကောက်ဆိပ်ကမ်းနှင့် Bang Na-At Narong အမြန်လမ်းမကြီး၊ Chalong Rat- Nakhon Nayok- Saraburi အမြန်လမ်းမကြီး၊  Utraphimuk ကားလမ်းမကြီး ( Rangsit-Bang Pa- in) နှင့် တတိယအဆင့် Map Tha Phut ဆိပ်ကမ်း တို့ဖြစ်ကြပါသည်။

ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်အခွင့်အရေးနှင့် ပြည်တွင်းပါဝင်မှု လိုအပ်ချက်များအပါအဝင် ရထားလုပ်ငန်းများမြှင့်တင်ခြင်းနှင့် ပတ်သက်သည့်လေ့လာမှုများကို အရှိန်မြှင်တင်ဆောင်ရွက်သွားရန် အစိုးရအား အကြံပြုခဲ့ကြောင်း၊ အစိုးရအနေဖြင့် မြန်နှုန်းမြင့်ရထားကုမ္ပဏီတစ်ခုတည်ထောင်ရန် ဖြစ်နိုင်ချေလေ့လာမှုကို ပြုလုပ် ရန်အတွက် ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှှစ်တွင် ဘတ်ဂျက်ငွေဘတ်သန်း (၃၀) ကို ခွဲဝေချထားပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Mr.Anucha က နှစ်ထပ်ရထားလမ်း၊ ကုန်းတွင်းတံတားများ ( Land Bridges)၊ ရေနံပိုက်လိုင်းများ၊ Chumphon eSifh Ranong ရှိ ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်း များပါဝင်မည့် တောင်ပိုင်းစီးပွားရေးစင်္ကြန် အခြေခံအဆောက်အဉီဖွံ့ဖြိုးတိုးတက်ရေးမှာ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အစိုးရအဖွဲ့အနေဖြင့် ယမန်နှစ်ဇန်နဝါရီလက စီမံကိန်းပေါင်း (၁၁၆) ခုပါဝင်သည့် ဘတ်ငွေ (၁၀၇) ဘီလီယံတန်ဖိုးရှိ တောင်ပိုင်းစီးပွားရေးစင်္ကြန် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအား အတည်ပြုပေးခဲ့ကြောင်းလည်း သိရှိရပါသည်။ အဆိုပါ စီမံကိန်း (၁၁၆) ခုမှာ Chumpong၊  Ranong၊ Surat Thani၊ Nakhon Si Thammarat တို့ရှိ စုစုပေါင်းမြေစတုရန်းမီတာ (၃၀၀,၀၀၀) ပေါ်တွင် တည်ဆောက်အကောင်အထည်ဖေါ် ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ (၄) နှစ်တာ ဖွံ့ဖြိုးတိုး တက်မှုသည် အဓိကမဟာဗျူဟာ စီးပွားရေးစီမံကိန်း (၄) ခုနှင့် တောင်ပိုင်းစီးပွားရေးစင်္ကြန် Southern Economic Corridor (SEC) အား တောင်အာရှ၏ တံခါးပေါက် (Gateway) အဖြစ် အရှေ့ပိုင်းစီးပွားရေးစင်္ကြန်နှင့် ချိတ်ဆက်ရန်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)                                                                                      

Category: Thailand