Singapore

စင်ကာပူနိုင်ငံရှိ အပျော်ခရီးသည်ဆွဲဆောင်သည့်နေရာများသည် ၎င်းတို့ လက်ခံနိုင်သော လာရောက်လည်ပတ်သူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ လက်ခံနိုင်တော့မည်

Last Updated:

ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေအပေါ်မူတည်၍ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများကို တဖြည်းဖြည်းဖြေလျှော့ပေးလျက်ရှိရာ ဇူလိုင်လမှစ၍ အပျော်ခရီးသည် ဆွဲဆောင်သည့်နေရာများ (Tourist Attractions) အား တစ်ချိန်တည်းတွင် ၎င်းတို့မှ လက်ခံနိုင်သော ဧည့်သည် ဦးရေစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းအထိသာ လက်ခံဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။ ယခုအခါ ၅၀ ရာခိုင်နှုန်းအထိ လက်ခံဆောင်ရွက်ခွင့်ရရှိရန်အတွက် စင်ကာပူခရီးသွား လုပ်ငန်းဘုတ်အဖွဲ့သို့ စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

၎င်းလုပ်ငန်းများအနေဖြင့် Outdoor Show များကို ဆောင်ရွက်လိုပါကလည်း လူဦးရေ ၂၅၀ အထိ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် သတ်မှတ်နယ်မြေအပိုင်းအခြားဇုန် (၅) ခုခွဲ၍ ဇုန်(၁) ခုလျှင် လူဦးရေအများဆုံး ၅၀ ဦးဖြင့် ကန့်သတ်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဇုန်များအကြား Safe Distancing ပြုလုပ်ထားရမည်ဖြစ်ကြောင်း၊ Tourist Attractions လုပ်ငန်းများသည် အွန်လိုင်းမှတစ်ဆင့် ကြိုတင်လက်မှတ်မှာယူသည့် စနစ်များကို ဆောင်ရွက်လျက်ရှိပြီးဖြစ်သောကြောင့် လာရောက်လည်ပတ်မည့် ဧည့်သည်အရေအတွက်ကိုလည်း စောင့်ကြည့်ကြီးကြပ်နိုင် မည်ဖြစ် ကြောင်း၊ ကိုဗစ်ကာလအတွင်း လူအုပ်စုဖွဲ့မှုများ မဖြစ်ပေါ်လာစေရန် တားမြစ်ကန့်သတ် သည့် အစီအမံများကြောင့် ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသော ယင်းလုပ်ငန်းများအတွက် စည်းမျည်းများကို တဖြည်းဖြည်းဖြေလျှော့ပေးခြင်းဖြစ်ပါကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ပြောကြား ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times

Category: Singapore