Singapore

စင်ကာပူတွင် အပျော်စီးသင်္ဘောခရီးစဉ်နှင့် ချန်ဂီလေဆိပ်၏ ခရီးသည်ဖြတ်သန်းသွားလာမှုများ ကျဆင်းလျက်ရှိ၊ စင်ကာပူလေကြောင်းလိုင်း (SIA) ကလည်း လေကြောင်းလိုင်းခရီးစဉ်များကို ထက်ဝက်လျှော့ချ

Last Updated:

စင်ကာပူ၌ COVID - 19 ရောဂါ စတင်ဖြစ်ပွားခဲ့သော ဇန်နဝါရီလ ၂၃ ရက်နေ့မှစ၍ မတ်လ ၉ ရက်နေ့အထိ အပျော်စီးသင်္ဘောခရီးသည်ဦးရေမှာ ယခင်ကာလတူနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဤကာလအတွင်း အပျော်စီးသင်္ဘာ ထွက်ခွာမှု ၆၅ ကြိမ်နှင့် စီးနှင်းလိုက်ပါသူ ဦးရေ ၁၅၆,၄၆၅ ဦး ရှိခဲ့ပြီး၊ သင်္ဘာခရီးစဉ် ၈၁ ခုကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရပါသည်။

စင်ကာပူချန်ဂီလေဆိပ်တွင်လည်း ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ခရီးသည်ဖြတ်သန်း သွားလာမှု ၃.၅ သန်းခန့် ရှိခဲ့ပြီး၊ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ် ပါက ၃၂.၈ ရာခိုင်နှုန်း လျှော့ကျခဲ့ကြောင်း၊ လေယာဉ်ထွက်ခွာ/ဆိုက်ရောက်မှုအနေဖြင့် ၂၆,၂၀၀ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ၁၂.၃ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ သို့ရာတွင် လေကြောင်းဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုပမာဏ မှာ ၇.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ (၂) လအတွင်း အခြေအနေမှာ လေဆိပ်သို့ ခရီးသည်ဖြတ်သန်းသွားလာမှု ၉.၄ သန်းဖြင့် ယခင်နှစ်ထက် ၁၂.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ လေယာဉ်ထွက်ခွာ/ဆိုက်ကပ်မှုမှာ ၅၉,၇၀၀ ကြိမ်ဖြင့် ၄.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ရောဂါထိန်းချုပ်နိုင်ရေးအတွက်နိုင်ငံများက ခရီးသွားလာမှုကို ပို၍ကန့်သတ်မှုပြုလုပ်လာ သည့်အတွက် စင်ကာပူလေကြောင်းလိုင်း (SIA) သည် ဧပြီလကုန်အထိ ၎င်း၏ လေကြောင်းလိုင်း ခရီးစဉ်များကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချ၍ ဆောင်ရွက်သွားရ မည်ဖြစ်ပြီး၊ ခရီးစဉ်များ ပိုမိုလျှော့ချသွားရမည့်အခြေအနေကိုလည်း မျှော်လင့်ထားကြောင်း SIA က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ထားပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Channel News Asia

Category: Singapore