Thailand

စက်မှုဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းငယ်များ၏ ကြွေးမြီအပေါ်ဆိုင်းငံ့ပေးရန်စီစဉ်နေ

Last Updated:

စက်မှုဝန်ကြီးဌာနအနေဖြင့် Covid-19 ဖြစ်ပွားမှုကြောင့် ထိခိုက်ခံစားနေရသော စက်မှုလုပ်ငန်းများစွာတို့အတွက်နှင့်ရပ်ရွာအခြေပြု စီးပွားရေးလုပ်ငန်းငယ်များ အတွက်ကြွေးမြီ ပေးဆပ်မှုကို (၆) လမှ (၁၂) လကြာဆိုင်းငံ့ပေးခြင်းဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အကောင်အထည် ဖေါ်ရန်စီစဉ်လျှက်ရှိပါသည်။

အဆိုပါအစီအမံတွင် အစားအစာ၊ အချိုရည်များ၊ဟင်းသီးဟင်းရွက်၊ လက်ဝတ်ရတနာ၊ အမှတ်တရလက်ဆောင်ပစ္စည်းနှှင့်အဝတ်အထည်လုပ်ငန်းများ အကျုံးဝင်ပြီး ပြည်တွင်းထုတ်လုပ်သူများအနေဖြင့် ဧပြီလမှစတင်၍ ကြွေးမြီဆိုင်းငံ့ခွင့်ကို လျှောက်ထား နိုင်မည်ဖြစ်ပါသည်။

စက်မှုဝန်ကြီးဌာန အောက်ရှိစက်မှုတိုးမြှင့်ရေးဉီးစီးဌာနအနေဖြင့် SMEs များနှင့် ရပ်ရွာအခြေပြုစီးပွားရေးလုပ်ငန်းပေါင်း (၂,၅၀၀) ကျော်အား အိမ်တွင်းမှုနှင့် လက်မှုလုပ်ငန်းများအတွက် လှည့်လည်ရန်ပုံငွေမှ တစ်ဆင့် ချေးငွေများကို ထုတ်ချေးပေးခဲ့ ပါသည်။

ရန်ပုံငွေမှာပြည်နယ်(၇၇)ခုလုံးအကျုံးဝင်မည်ဖြစ်ပြီး လူတစ်ဉီးလျှင် ဘတ်ငွေ(၂၀၀,၀၀၀) အများဆုံးနှုန်းဖြင့် စုစုပေါင်းချေးငွေမှာ ဘတ်သန်း (၃၇၀) ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း (၇၇၁) ခု မှာကြွေးမြီဆိုင်းငံ့ထားမှုအတွက်အကျုံးဝင်ပြီး၊ ၎င်းတွင် လုပ်ငန်းပေါင်း(၅၅၇)ခုမှာပုံမှန် ငွေပေးချေမှုများပြုလုပ်လျှက်ရှိပြီး ၎င်းတို့အ နေဖြင့် (၁၂)လအတွက် ဘတ်ငွေသန်း(၁၃၀)အား ဆိုင်းငံ့ ထားနိုင်ကြောင်း သိရှိရပါသည်။

(၃) လစာ အကြွေးတင်နေသော မြီစားအနေဖြင့် (၆)လအထိ ကြွေးမြီဆိုင်းငံ့နိုင်မည်ဖြစ်ပြီး ၎င်းတွင် လုပ်ငန်းပေါင်း (၁၉၄) ခုမှကြွေးမြီပမာဏ စုစုပေါင်း ဘတ်သန်း (၄၃.၉) အတွက် လျှောက်ထားလျှက်ရှိကြောင်းသိရှိရပါသည်။ စက်မှုမြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှုးချုပ် Nattapol Rangsitpol က SMEs များနှင့် ရပ်ရွာအခြေပြု စီးပွားရေးလုပ်ငန်းများစွာတို့မှာ ထုတ်လုပ်မှုဆိုင်ရာနှောင့်နှေးခဲ့ကြောင်း၊ အမှာစာများ ဖျက်သိမ်းခံရကြောင်း၊ ကုန်ကြမ်းပစ္စည်းများ Covid-19 ကြောင့် ပြတ်လပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Covid-19 ကြောင့် အများအားဖြင့် အခွန်နှင့်ဝင်ငွေပိုင်းကျဆင်းခဲ့ကြောင်း၊ SMEs များစွာနှင့် လူမှုအဖွဲ့အစည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းလည်ပတ်ရန် မတတ်နိုင်တော့ကြောင်း၊ အစိုးရ၏ အထောက်အပံ့ပေးမည့် အစီအမံများလိုအပ်ကြောင်း ပြောကြားခဲ့ပါ သည်။ Mr. Nattapol က SMEs များနှင့် ရပ်ရွာအခြေပြု စီးပွားရေးလုပ်ငန်းများမှာ စီးပွားရေး၏ ကျောရိုးဖြစ်ပြီး တိုင်းပြည် GDP ၏ (၈၀%) ရှိကာ ပြည်တွင်းစီးပွားရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေ ဖြန့်ဝေမှု အပေါ်အားပေးမြှင့်တင်ပေးလျှက်ရှိကြောင်း ပြောကြား ခဲ့ပါသည်။

၂၀၁၇ ခုနှစ်မှစ၍ အစိုးရသည် SMEs များကို အထောက်အကူပြုရန်ရည်ရွယ်သည့် Pracha Rat  ရန်ပုံငွေ အစီအစဉ်အရ ဘတ်ငွေဘီလီယံ (၂၀) ကို Soft loan အဖြစ် ထုတ်ချေးပေးခဲ့ပါသည်။ ယခုနှစ်အစောပိုင်းတွင် စက်မှုဝန်ကြီးဌာန အနေဖြင့် SMEs များနှင့် ရပ်ရွာအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘတ်ငွေသန်း(၈၀၀)ကိုထောက်ပံ့ပေးနိုင် ရေးမျှော်မှန်းထားခဲ့ပါသည်။

စက်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် ပထမဉီးစွာပြည်တွင်းလုပ်ငန်းများအား အစိုးရမှ ရိုးရာစိုက်ပျိုးရေးမှ ခေတ်မှီနည်းပညာနှင့် Thailand 4.0 အရ တီထွင်ဆန်းသစ် မှုများဖြင့် ခေတ်မှီစနစ်သို့ ပြောင်းလဲစေလိုမှုအပေါ် အာရုံစိုက်ဆောင်ရွက်လျှက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: Thailand