Japan

ဂျပန်ဗဟိုဘဏ်အကြီးအကဲက ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများ လျော့ကျရန် လိုအပ်သည်များ ပံ့ပိုးပေးရန် အဆင်သင့်ဖြစ်နေကြောင်း ပြောဆိုခဲ့

Last Updated:

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်အမျိုးအစားသစ် ပြန့်ပွားလာမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ကြီးထွားလာသည့် စိုးရိမ်မှုများ လျော့ကျလာစေရန် ဂျပန်ဗဟိုဘဏ် အကြီးအကဲ Mr. Haruhiko Kuroda က ဗဟိုဘဏ်အနေဖြင့် စျေးကွက်တည်ငြိမ်စေရန် လိုအပ်သည့်ငွေကြေးကို အလုံအလောက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြေညာပြောဆိုခဲ့ပါသည်။

Mr. Haruhiko Kuroda က စျေးကွက်တည်ငြိမ်စေရန် ဗဟိုဘဏ်အနေဖြင့် လိုအပ်သည့်ငွေကြေးကို အလုံအလောက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အခိုင်အမာပြော ဆိုကာ မတ်လ ၂ ရက် နေ့က  တိုကျိုစတော့ စျေးကွက်၌ ရှယ်ယာစျေးများ ကျဆင်းခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုကြေညာချက်အရ ဗဟိုဘဏ်အနေဖြင့် ရှေ့ဆက်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး စတော့စျေးကွက်အခြေအနေများနှင့် ပိုင်ဆိုင်မှုပိုင်း ဝယ်ယူ ခြင်းများတို့တွင် ပိုမို တိုးတက်ကောင်းမွန်လာစေရန် ၊ ငွေကြေးစျေးကွက် တည်ငြိမ်စေလာစေရန် လုံလောက်သော ငွေကြေးပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။ ဂျပန်ဗဟိုဘဏ်သည် အစိုးရ၏ငွေချေးစာချုပ်များနှင့်  ပုဂ္ဂလိကကုမ္ပဏီများ၏ ရှယ်ယာများကို ဝယ်ယူစုဆောင်းထား သော လဲလှယ်ရောင်းဝယ်ရေးရန်ပုံငွေများ ပိုမိုဝယ်ယူရန် ပြင်ဆင်နေပြီး စျေးကွက်ဖရိုဖရဲဖြစ်မှုမှ ကာကွယ်နိုင်ရန် ယခုကဲ့သို့ ကြေငြာချက်ထုတ်ပြန်ကာ စီမံဆောင်ရွက်ခြင်း ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Yomiuri Shimbun , The NHK World, The Japan News

Category: Japan