Belgium

ဂျပန်နိုင်ငံနှင့် ယခုနှစ်အတွင်း ကုန်သွယ်မှုသဘောတူညီချက်ရရှိလိုကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

Last Updated:

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Dominic Raab ၏ အဆိုအရ ဗြိတိန်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်အကုန်တွင် ဂျပန်နိုင်ငံနှင့်လွတ်လပ်သောကုန်သွယ်မှု သဘော တူညီချက်ရရှိလိုနေသည်ဟု သိရှိရကြောင်း၊ ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) နောက်ပိုင်း တွင် ၎င်း၏ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ရောက်ရှိ နေသည့် Dominic Raab က ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့၏ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုများကို နွေဦးကာလမတိုင်မီ စတင်နိုင်ရန် မျှော်လင့်ထားသည်ဟု ဂျပန်အစိုးရနှင့် အစည်း အဝေးများအပြီးတွင် ပြောကြားခဲ့ကြောင်း၊ ၎င်း၏ အာရှပစိဖိတ်နိုင်ငံများသို့ ခရီးစဉ်တွင် သြစတြေးလျ၊ ဂျပန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများ ပါဝင် ကြောင်း politico သတင်း ဌာန၏ ၈-၂-၂၀၂၀ နေ့တွင် ထုတ်ပြန်သည့် သတင်းအရသိရှိရပါသည်။

ဗြိတိန်အနေဖြင့် ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် post-Brexit အကူးအပြောင်း ကာလမတိုင်မီ အီးယူနှင့် သဘောတူညီချက်ရရှိရေးအတွက်လည်း လုံလောက်သည့် နိုင်ငံရေးစိတ်ဆန္ဒရှိနေကြောင်း၊ အီးယူသို့ဝင်ပေါက်တစ်ခုအဖြစ် ဗြိတိန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်ထားကြသည့် နစ်ဆန်းနှင့် တိုယိုတာကဲ့သို့သော ဂျပန်ကုမ္ပဏီများ၏ ယခင်က ဗြိတိန်ခွဲထွက်မှုကိစ္စရပ်အပေါ် စိုးရိမ်မှုများအား လျော့ပါးစေရေးနှင့်စပ်လျဉ်း၍လည်း ဗြိတိန်နှင့်ဂျပန် နှစ်နိုင်ငံ အနေဖြင့် နှစ်ဦးနှစ်ဘက် စီးပွားရေးအကျိုးအတွက် နှစ်နိုင်ငံဆက်ဆံရေးတွင် အပြုသဘော ဆောင်သည့်ကိစ္စရပ်များအပေါ် အာရုံစိုက်ဆောင်ရွက်ရန် အခွင့်အလမ်း တစ်ရပ်ရရှိထားပြီဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ဖူကူရှီးမားနျူးကလီးယားဖြစ်ရပ်၏ အကျိုးဆက်အနေဖြင့် ဂျပန် နိုင်ငံမှ စားသောက်ကုန်နှင့် အခြားထုတ်ကုန်များအပေါ် အီးယူမှ ချမှတ် ထားသည့် သွင်းကုန် ကန့်သတ်ချက်များအား ဗြိတိန်နိုင်ငံမှ ဖယ်ရှားပေးရေးနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ၏ မေးမြန်းမှုအပေါ် အီးယူအနေဖြင့် အဆိုပါ သွင်းကုန်လုပ်ထုံးလုပ်နည်းများအား ပြီးခဲ့သည့်နှစ်အတွင်းက ဖြေလျှော့မှုများပြုလုပ်ထားခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် ယင်းအပေါ်စိုးရိမ်မှု ရှိသည်ကို နားလည်ပါကြောင်း၊ စားသောက်ကုန်တင်သွင်းမှုကိစ္စရပ်များသည် သိပ္ပံနည်းကျဓါတ်ခွဲစစ်ဆေးမှုများနှင့်ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်း ကပြောကြားခဲ့ကြောင်း အဆိုပါသတင်းက ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - https://www.politico.eu    

Category: Belgium