Japan

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားတိုင်းပြည်များကို ခရီးသွားလာမှုဆိုင်ရာ အဆင့် ၂ တိုးမြှင့်သတ်မှတ်ခဲ့

Last Updated:

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားတိုင်းပြည်များသို့ ခရီးသွား လာမှုဆိုင်ရာ သတိပေးချက်ကို အဆင့် ၄ဆင့်ရှိသည့်အနက် အဆင့် ၂ အဖြစ် တိုးမြှင့်သတ်မှတ် ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာ့အနှံ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံသားများအား မဖြစ်မနေသွားရောက်ရန် မလိုအပ်သည့့််  နိုင်ငံရပ်ခြားခရီးသွားလာမှုများကို ရှောင်ကြဉ်ကြရန် တိုက်တွန်း ပြောကြား ခဲ့ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်များ အားလုံးသို့ ခရီးသွားလာမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံသားများအပေါ် ယခုကဲ့သို့ သတိပေးချက် အဆင့် ၂ သတ်မှတ်ထုတ်ပြန်မှုသည်  ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan