Japan

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်လိုစိတ် ကျဆင်းလာဖွယ်ရာရှိဟု စျေးကွက် လေ့လာသူများက သုံးသပ်ပြောဆို

Last Updated:

၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဂျပန်ဗဟိုဘဏ်မှ တန်းကန်း စစ်တမ်း (Tankan Survey) ကို ထုတ်ပြန်မည့်အချိန်တွင်  ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ပြန့်ပွားနေမှုကြောင့် ဂျပန်မှ စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းလုပ်ဆောင်လိုစိတ် ကျဆင်း လာဖွယ်ရှိကြောင်း  စျေးကွက်လေ့လာသုံးသပ်သူများက ခန့်မှန်း ပြောဆိုခဲ့ပါသည်။

သုံးလတစ်ကြိိမ် ထုတ်ပြန်သည့် အဆိုပါတန်းကမ်းစစ်တမ်းသည် ဂျပန်ရှိ စီးပွားရေးလုပ်ငန်းပေါင်း တစ်သောင်းခန့်မှ စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး  အလုပ်အမှုဆောင်များ၏ လက်ရှိစီးပွားရေးအခြေအနေအပေါ် မည်သို့မည်ပုံ သဘောထားရှိသည်ကို ခန့်မှန်းထားသည့် အချက်အလက်များ ပါဝင်ပါသည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးများ၏ အညွန်းကိန်းသည် အနှုတ် ၇ ကနေ အနှုတ် ၁၄ အထိ ကျဆင်းလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ကျဆင်းခြင်းသည့် ၂၀၁၃ ခုနှစ်၊ မတ်လမှစ၍ ပထမဆုံး သိသိသာသာအနှုတ်လက္ခဏာပြခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အနှုတ်လက္ခဏာပြခြင်းသည် လုပ်ငန်း လုပ်ဆောင်မှုအပေါ်အားလျော့လာသည့် လုပ်ငန်းရှင်များတိုးပွားလာခြင်းဟု သုံးသပ်နိုင်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းမဟုတ်သည့် အခြားစီးပွားရေးလုပ်ငန်းများသည်လည်း အလားတူအနှုတ် လက္ခဏာပြသနေသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ စျေးကွက်သုံးသပ်ချက်များအရ ယခုကဲ့သို့ ကျဆင်းလာခြင်းသည် ကိုရိုနာပြန့်ပွားမှုကြောင့် စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်ခြင်းဖြစ်ပါကြောင်းနှင့် ဂျပန်မော်တော်ကားကုမ္ပဏီများသည်လည်း ကမ္ဘာ တစ်ဝှမ်းထုတ်လုပ်မှုများ ရပ်ဆိုင်းထားရသဖြင့် ကားထုတ်လုပ်မှု အခန်း ကဏ္ဍသည်လည်း သိသိသာသာ ကျဆင်းနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းသုံးသပ်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan