China(Nanning)

ကူးစက်ရောဂါ တိုက်ဖျက်နေစဉ်ကာလအတွင်း နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများ အတွက် စီမံဆောင်ရွက်ပေးမည်ဟု တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောကြား

Last Updated:

တရုတ်နိုင်ငံရှိ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများမှာ ထုတ်လုပ်မှုကို မကြာမီပြန်လည်စတင်နိုင်တော့မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တာဝန်ရှိသူများက စီးပွားရေး ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးနှင့် လုပ်ငန်းများ၏ ဝန်ထုပ်ဝန်ပိုးများ လျော့နည်း စေရေးကို ဆောင်ရွက်လျက်ရှိကြောင်း တရုတ် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံရှိ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းအများစုမှာ တရုတ်နှစ်သစ်ကူးလ၏ (၁၅) ရက်မြောက်နေ့တွင် လုပ်ငန်းနှင့် သင်္ဘောတင်ပို့ခြင်းတို့ကို စတင်ရန် ရည်ရွယ်သဖြင့်  ကူးစက်ရောဂါဖြစ်ပွားချိန်ကာလအတွင်းဝယ် တရုတ်စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက နီးကပ်စွာ အာရုံထားစောင့်ကြည့် ပေးလျက်ရှိကြောင်း ၊ အစိုးရဌာနများနှင့် ပြည်နယ်အစိုးရများမှ အဆင့်တိုင်းရှိ ဝန်ထမ်းများက ခိုင်မာသော စီးပွားရေး ပတ်ဝန်းကျင်ဖန်တီးပေးရန်နှင့် လုပ်ငန်းများ၏ ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားပေးရန်  တိကျ သောမူဝါဒများကို ချမှတ်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး Wang Bingnanက ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကလည်း တရုတ်၏ ရောဂါကာကွယ်ကုသထိန်းချုပ်ရေး ဆောင်ရွက်မှုများကိုများစွာအသိအမှတ်ပြုလျက် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး နှင့်ခရီးသွားလာမှု ကန့်သတ်ခြင်းကဲ့သို့သော အလွန်အမင်းဆောင်ရွက်မှုများကို မပြုကြရန် အကြံပြုထားသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေကို ကျော်လွှားသွားနိုင်ပြီး၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွင်  တရုတ်၏ ပို့ကုန်နှင့်သွင်းကုန်နှစ်ရပ်လုံးတွင် လွယ်ကူချောမွေ့စေရန် အစိုးရနှင့် ဈေးကွက်၏အဓိကလုပ်ငန်းများက  ပိုမိုဆောင်ရွက် သွားကြမည်ဟု ယုံကြည်ကြောင်း Wang က ဖြည့်စွက်ပြောကြား ခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ ဆင်ဟွာ (၃-၂-၂၀၂၀)

Category: China(Nanning)