China(Beijing)

ကုန်သွယ်မှုဆိုင်ရာ ပထမအဆင့်သဘောတူညီချက်သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကျိုးကျေးဇူးရရှိစေမည်ဖြစ်သည်ဟု ပြောကြားခဲ့ခြင်း

Last Updated:

        နှစ်နိုင်ငံအကြား ဖြစ်ပွားလျက်ရှိသည့် ပြဿနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို ဆွေးနွေးညှိနှိုင်းနိုင်ရန် တရုတ်နိုင်ငံ၊ သမ္မတ Xi Jinping နှင့် အမေရိကန်သမ္မတ Donal Trump တို့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတတိယပတ်အတွင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း၊ ထိုကဲ့သို့ ဆက်သွယ်ပြောကြားခြင်း သည် နှစ်နှစ်နိုင်ငံအကြား ဆက်ဆံရေးအပေါ် အတားအဆီးဖြစ်လျက်ရှိသည့် အခြားပြည်ဿနာရပ်များအား နှစ်ဖက် ခေါင်းဆောင်များအနေဖြင့် တိုက်ရိုက်ဆွေးနွေးနိုင်မည့် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ညှိနှိုင်း ရရှိခဲ့သည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပထမအဆင့် သဘောတူညီချက်သည် အမေရိကန်၊ တရုတ်နိုင်ငံများ သာမက တစ်ကမ္ဘာလုံးအနေဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေမည်ဟု နှစ်နိုင်ငံခေါင်းဆောင်များမှ ပြောကြားခဲ့ကြောင်း၊ သမ္မတ Xi Jinping အနေဖြင့် တရုတ်နှင့် အမေရိကန်တို့အကြား စီးပွာရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တည်ငြိမ်မှုရရှိပြီး ဖွံ့ဖြိုးတိုးတက်စေရန် သိသာထင်ရှားသည့် အကျိုးကျေးဇူးများရရှိစေမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊  နှစ်နိုင်ငံစလုံးအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ကွာဟချက်များအား ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆာင်ရွက်ရာတွင် နှစ်နိုင်ငံစလုံးမှ အကျိုးကျေးဇူးရရှိရန် ဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ အမျိုးသားရေး၊ အချုပ်အခြာအာဏာနှင့် အဓိကအချက်များအား တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားခြင့်ဖြင့် အခက်အခဲများအား ကျော်လွှားနိုင်မည် ဖြစ်သည်ဟု သမ္မတ Xi Jinping မှ ပြောကြားခဲ့ကြောင်း၊ အလားတူပင် တရုတ်-အမေရိကန် ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်သည် နှစ်နိုင်ငံစလုံး၏ စျေးကွက်အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများ ရရှိထားကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သဘောတူစာချုပ် အမြန်ဆုံးလက်မှတ်ရေးထိုး အကောင်အထည် ဖော်နိုင်ရန် လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတ Donal Trump မှ ပြောကြားခဲ့ကြောင်း၊ ထိုကဲ့သို့ နှစ်ဖက်ခေါင်းဆောင်မျာအကြား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားမှုသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းသူများ အနေဖြင့် သဘော တူညီမှုရရှိခဲ့သည့်အတွက်  ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ အကောက်ခွန် တိုးမြှင့်ကောက်ခံမည့် ကိစ္စအား ဆိုင်းငံ့ထားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ပိုင်းတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: ၂၃-၁၂-၂၀၁၉ ရက်နေ့ထုတ် China Daily newspaper

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)