Belgium

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းဖြေရှင်းရေး ဘယ်လ်ဂျီယံနိုင်ငံအစိုးရ ယူရို(၁၀) ဘီလီယံ သုံးစွဲမည်

Last Updated:

COVID-19 အကျပ်အတည်းကြောင့် လူမှုစီးပွားရေးအကျိုးသက်ရောက်မှုများကို ကာကွယ်နိုင်ရေး ဒုတိယအဆင့်လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်မည့် အစီအမံများ အတွက် ဘတ်ဂျတ်ငွေ ယူရို ၈ ဘီလီယံမှ ၁၀ ဘီလီယံအထိ အသုံးပြုသွားရန်ကိစ္စအပေါ် ဘယ်လ်ဂျီယံနိုင်ငံအစိုးရက ပြီးခဲ့သည့် ၂၀-၃-၂၀၂၀ (သောကြာနေ့) တွင်အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံအစိုးရအနေဖြင့် အလုပ်သမားအရေအတွက် (၈) သိန်းမှ (၁) သန်းအထိကို ဆောင်ရွက်ပေးနိုင်မည့် ယာယီအလုပ်လက်မဲ့စနစ်(temporary employment system) ဆိုင်ရာ အစီအမံအတွက် လွယ်ကူချောမွေ့စေရေး အထူးသဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု သိရှိရကြောင်း၊ အခြားသော စီမံ ဆောင်ရွက်မှုများအနေဖြင့် အခွန်ပေးဆောင်ရမှုများရွှေ့ဆိုင်းထားခြင်း၊  လုပ်ခလစာအခွန်ကင်းလွတ်ခွင့်ပေးခြင်း (payroll tax exemptions) နှင့် အစိုးရပိုင်း ဝယ်ယူရေးစာချုပ်များမှ Accelerated Payments အစီအစဉ်များလည်းပါဝင်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းသည် ၂၀၀၈ ခုနှစ်၊ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းထက် ပိုမိုပြင်းထန်နိုင်ဖွယ်ရှိကြောင်း၊ သို့သော်လည်း အစိုးရအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ဦးစား ပေးကာကွယ်နိုင်ရန်နှင့် အလုပ်အကိုင်များကိုကာကွယ်မှုပေးနိုင်မည့် အရာအားလုံးကို  လုပ်ဆောင် သွားမည်ဟု ဘယ်ယ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Sophie Wilmes က ပြောကြားခဲ့ကြောင်း ဘရပ်ဆဲလ် တိုင်းမ်၏ ၂၂-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: Belgium