Belgium

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အီးယူ၏ ဘတ်ဂျတ်အစီအမံကို ဥရောပကော်မရှင် အပြောင်းအလဲပြုလုပ်မည်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အီးယူ၏ ၂၀၂၁-၂၀၂၇ အတွက် ဘတ်ဂျတ်ဆိုင်ရာ အစီအမံတွင် အပြောင်းအလဲပြုလုပ်ရေးကို ဥရောပ ကော်မရှင်က အဆိုပြုသွားမည် ဖြစ်သည်ဟု ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen ကပြောကြားခဲ့ကြောင်း၊ ဥရောပကော်မရှင်အနေဖြင့် စီးပွားရေး ပြန်လည်နိုးထလာစေရေးအတွက် Multiannual Financial Framework (MFF) တွင် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း၏ ဆိုးကျိုးသက်ရောက်မှုများကို ဖြေရှင်း ဆောင်ရွက်နိုင်မည့် အဆိုပြုချက်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းတွင် ဥရောပသမဂ္ဂအတွင်း စည်းလုံးညီညွတ်မှုနှင့်တာဝန်ရှိမှုတို့မှတစ်ဆင့် ပေါင်းစည်းမှုကိုသေချာစေမည့် စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥရောပကော်မရှင်အနေဖြင့် ၂၀၁၈ ခုနှစ်၊ မေလတွင် ကာလရှည်ဘတ်ဂျတ်အတွက် အဆိုပြု ချက်ကိုတင်ပြခဲ့ကြောင်း၊ ယခုနှစ်အစောပိုင်းက ဥရောပကောင်စီဥက္ကဌ Charles Michel က အီးယူဘတ်ဂျတ်အတွက် အစီအမံကို အဆိုပြုတင်သွင်းခဲ့ပြီး၊ အီးယူခေါင်းဆောင်များအနေဖြင့်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ယင်းအဆို ပြုချက်အပေါ် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း၊ ဥရောပကော်မရှင်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း၏ စီးပွားရေးသက်ရောက်မှု များနှင့်စပ်လျဉ်း၍ ယူရိုဇုန်၊ ဘဏ္ဍာရေးဝန်ကြီးများ၏ Eurogroup  ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တပြိုင်နက်တည်းမှာပင် အီးယူ၏ Structural funds ကဲသို့သော လက်ရှိရန်ပုံငွေများ၏ အပြည့်အဝပြောင်းလွယ်ပြင်လွယ်ဖြစ် စေရေးကို ဆောင်ရွက်လျက်ရှိကြောင်း ဥရောပကော်မရှင်ဥက္ကဌက ပြောကြားထားကြောင်း ၂၈-၃-၂၀၂၀ နေ့တွင် Politico ၏ သတင်းဖော်ပြချက်အရသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  (Politico)

 

Category: Belgium