Japan

ကိုရိုနာဗိုင်းရပ်စ်ပိုးကို သေစေနိုင်သည့် ခရမ်းလွန်ရောင်ခြည်သုံး စက်ရုပ်ကို ဂျပန်တီထွင်

Last Updated:

ဂျပန်သုတေသနပညာရှင်များက ၎င်းတို့တီထွင်ခဲ့သည့်  အင်အားပြင်း ခရမ်းလွန်ရောင်ခြည် အသုံးပြုကာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို သေစေနိုင်သည့် စက်ရုပ်၏ အကျိုးရှိ ထိရောက်မှုကို အတည်ပြုခဲ့ကြကြောင်း သိရပါသည်။

တိုကျိုမြို့တော်၊  အိတ့ဘာ့ရှိ (Itabashi) မြို့နယ်တွင်ရှိသည့် ကုမ္ပဏီတစ်ခုက မြို့နယ်ရုံးနှင့် Nihon တက္ကသိုလ်၏ အိတဘာ့ရှိဆေးရုံတို့နှင့် ပူးပေါင်းကာ စက်ရုပ်တစ်ခုကို တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါစက်ရုပ်တွင်  မီးလုံး ၈ လုံးပါဝင်ပြီး စက်ရုပ်က အလိုအလျှောက် လမ်းလျှောက်သွားနေစဉ်  ဗိုင်းရပ်စ်ပိုးများဖြင့် ညစ်ညမ်းနေနိုင်သည့် အေဆာက်အဦး နံရံများနှင့်  ကြမ်းပြင်များ အပေါ်သို့ အင်အားပြင်း ခရမ်းလွန်ရောင်ခြည် များကို ထုတ်လွှတ် ပေးကြောင်း သိရပါသည်။

အဆိုပါစက်ရုပ်မှ အချိန်အတိုင်းအတာတစ်ခုအထိ အင်အားပြင်း ခရမ်းလွန်ရောင်ခြည်များကို ထုတ်လွှတ်ပေးခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးများ မရှိတော့သည့်အေနအထားအထိ လျှော့ချပေးနိုင်ကြောင်း အသုံးဝင်မှုဆိုင်ရာ စမ်းသပ် စစ်ဆေးမှုများက သက်သေပြသနေသည်ဟု သုတေသန ပညာရှင် Aida Yoko သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

ခရမ်းလွန်ရောင်ခြည်များက လူသားများကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ညအချိန် ကဲ့သို့ ပတ်ဝန်းကျင်၌ လူမရှိသည့်အချိန်များမှာသာ  အဆိုပါ စက်ရုပ်ကို အဝေးကထိန်းချုပ်၍ မောင်းနှင်သွားရမည်ဖြစ်ပါကြောင်း၊ စက်ရုပ် ကို လူအများအပြားလာရောက်သည့် အဆောက်အဦးများ တွင် အသုံးပြုရန် များစွာသင့်လျော်ပါကြောင်းဟု စက်ရုပ်တီထွင်ထုတ်လုပ်သည့် ကုမ္ပဏီမှ အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan