China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်ဒေသနှင့် စင်ကာပူနိုင်ငံတို့တွင် ဩစတြေးလျ ထွက်ကုန်ပစ္စည်းများ ပြတ်လပ်နေခြင်း

Last Updated:

ဩစတြေးလျမှ ပို့ကုန်တင်ပို့သူ Antony Allen ၏ ကုမ္ပဏီသည် ဩစတြေးလျ၏ ထောပတ်သီး (၂၀) ရာခိုင်နှုန်းအား ထုတ်လုပ်တင်ပို့ရောင်းချလျှက်ရှိပြီး လွန်ခဲ့သော (၂) ပတ်ကအထိ ဟောင်ကောင်ဒေသ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သို့  ထောပတ်သီး (၄၅) တန် တင်ပို့ ကြောင်း၊ သို့သော် (Covid-19)  ဖြစ်ပွားမှုကြောင့် ယခု ရက်ပိုင်းအတွင်း ခရီးသည်တင် လေကြောင်းလိုင်းများ ရပ်တန့်လိုက်ခြင်းကြောင့်သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များမှာ (၅)ဆ မြင့်တက်လာကြောင်း၊ ဩစတြေးလျ အစိုးရမှ ၂၀-၃-၂၀၂၀ ရက်နေ့မှ စတင်၍ နိုင်ငံခြားသားများလာရောက်မှုကို ကန့်သတ်တားမြစ်လိုက်ရာ ပြည်ပသို့ နှစ်စဉ် ဩစတြေးလျဒေါ်လာ (၅၀) ဘီလီယံ ကျော်အား အာရှဒေသသို့ အများဆုံးတင်ပို့နေသည့် စိုက်ပျိုးရေးထွက်ကုန် တင်ပို့ရောင်းချသူများအတွက် သယ်ယူပို့ဆောင်ရေးတွင် စိန်ခေါ်မှုများဖြစ်နေကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ၏ အဓိကဈေးကွက်များမှာ စင်ကာပူ၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန် စုစုပေါင်း၏ (၆၅) ရာခိုင်နှုန်းခန့်အား တင်ပို့နေခြင်းဖြစ် ကြောင်း၊ ဩစတြေးလျမှ အဓိကတင်ပို့သည့် ပစ္စည်းများမှာ အမဲသား၊ ဂျုံ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်နှင့် အဖျော် ယမကာများပါဝင်ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကြောင်း၊ တောင်ကိုရီးယား၊ ဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ သည်လည်း ပို့ကုန်အများဆုံးတင်ပို့သည့် (၁၀) နိုင်ငံတွင် ပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၄ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Denise Tsang က “Coronavirus: Hong Kong and Singapore are hungry for Australian produce, but why can’t they get it” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)