Japan

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တိုယိုတာကားစက်ရုံ တစ်စိတ်တစ်ဒေသပိတ်သိမ်း

Last Updated:

တိုယိုတာမော်တာအနေဖြင့် ဂျပန်နိုင်ငံအလယ်ပိုင်းရှိ ၎င်း၏စက်ရုံတစ်ရုံ၌ ဝန်ထမ်းနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်ကူးစက်ခံရမှု အတည်ပြုခဲ့ပြီးနောက် လုပ်ငန်းလည်ပတ်မှုများအား ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

တိုယိုတာမြို့ရှိ Takaoka plant တွင် အလုပ်လုပ်ကိုင်နေသည့် အသက်နှစ်ဆယ်ဝန်းကျင်ရှိ ဝန်ထမ်းနှစ်ဦးတွင် ပြီးခဲ့သည့် သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ပါကြောင်း၊ အဆိုပါနှစ်ဦး သည် Takaoka plant မှ ပစ္စည်းတပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက် ကြသူများဖြစ်ပြီး မျက်နှာချင်းဆိုင် အလုပ်လုပ်ခဲ့ကြသူများဖြစ်သည်ဟု ဆိုပါသည်။

Corolla sedan နှင့် SUV Harrier ကားအမျိုးအစားများ ထုတ်လုပ်သည့် အဆိုပါ စက်ရုံကို ရပ်နားထားပြီးဖြစ်ပါကြောင်း၊ အဆိုပါရောဂါပိုးကူးစက်ခံရသူ အလုပ် သမားနှစ်ဦးနှင့် ထိတွေ့ခဲ့ သည့် အလုပ်သများ ၃၀ ကျော် ရှိခဲ့သည့်အတွက် ၎င်းတို့အားလုံးကို နေအိမ်မှာပဲ နေထိုင်ရန် အမိန့်ထုတ်ထားပါကြောင်း၊ Takaoka plant ကိုလည်း ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်မည် ဖြစ်၍ စက်ရုံတစ်ရုံလုံး ပိတ်ထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan