USA

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဈေးကွက်တန်ဖိုးများကျဆင်း

Last Updated:

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်လာနိုင်သည့်အတွက် ဈေးကွက်ထိန်းမနိုင်သိမ်းမရဖြစ်မှုကို ငြိမ်သက်အောင် ကြိုးစားဆောင်ရွက်နေသည်ဟု သမ္မတထရမ့်အစိုးရ၏ အကြီးတန်းအရာရှိများက ဆိုပါသည်။

ဖေဖော်ဝါရီနောက်ဆုံးပတ်က S&P 500 အညွှန်းကိန်းသည် ၁၁.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကမ္ဘာ့ငွေကြေးအကြပ်အတည်းဖြစ်ခဲ့သည့် ၂၀၀၈ ခုနှစ်ကတည်းက အဆိုးဆုံး ရှယ်ယာတန်ဖိုး ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်နိုင်ငံအတွင်းသို့ ဗိုင်းရပ်စ် မပျံ့နှံ့ခင်ကပင် အိမ်ထောင်စုများသုံးစွဲမှုအပေါ် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့်အတွက် စီးပွားရေးပညာရှင်များအနေဖြင့် စိုးရိမ်မှုများဖြစ်နေ ကြပါသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့တွင် အမေရိကန် ငွေကြေးထိန်းချုပ်သူများ တွေ့ဆုံကြပြီး ၁၀ စုနှစ်အတွင်း စိန်ခေါ်မှုအများဆုံးအချိန် ကျရောက်နေကြောင်း၊ လာမည့်ရက် များတွင် ဖယ်ဒရယ်အစိုးရအနေနှင့် ဈေးကွက်ယုံကြည်မှု မြှင့်တင်ရန် စီစဉ်ဆောင်ရွက်မှုများ လုပ်ရမည်ဟု အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်နိုင်ငံ)

Category: USA