Japan

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ G7 ခေါင်းဆောင်များ ဆွေးနွေးခဲ့

Last Updated:

ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်လာသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရန် G7 နိုင်ငံ ၇ နိုင်ငံမှ ခေါင်းဆောင်များ ပါဝင်သည့် အစည်းအဝေးကို Vedio Conferencing Meeting အနေဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးက ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ယခုစိန်ခေါ်မှုကို တုံ့ပြန်နိုင်ရန် ကမ္ဘာတဝန်းရှိ နိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ G7 နိုင်ငံ ၇ နိုင်ငံမှ အကြီးအကဲ များအနေဖြင့် ကိုရိုနာကပ်ရောဂါ၏သက်ရောက်မှုကို တွန်းလှန်ရန် ဘဏ္ဍာရေး အစီအမံများ၊ ကာကွယ်ဆေး စမ်းသပ်ဆောင်ရွက်မှုအတွက် ပံ့ပိုးမှုများအတွက် ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးကြရန် မစ္စတာအာဘေးက ပြောကြားခဲ့ပါသည်။

ကိုရိုနာကူးစက်ရောဂါ ပြန့်ပွားမှုသည် ဂျပန်နိုင်ငံသာမက ကမ္ဘာ့နိုင်ငံအများစု၏ စီးပွားရေးအပေါ် အကြီးအကျယ် ဂယက်ရိုက်မှုနှင့် ကြုံတွေ့နေရကြောင်းကို မစ္စတာအာဘေးက ထောက်ပြပြောဆိုခဲ့ပြီး ဂျပန်အစိုးရအနေဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများကို အခြေအနေပေါ်မူတည်၍ လိုအပ်ရင် လိုအပ်သလို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan